19 w - Translate

ဖုန်းတွေမှာ Gen AI ထည့်ပေးဖို့ HONOR နဲ့ Google လက်တွဲ

HONOR ဖန်တွေအတွက် သတင်းကောင်းပါဗျာ။ HONOR ကတော့ သူတို့ရဲ့ ဖုန်းတွေမှာ Generative AI တွေ ထည့်ပေးဖို့အတွက် Google နဲ့ လက်တွဲလိုက်ပါပြီ။ Samsung နဲ့ Google တို့ လက်တွဲခဲ့သလိုမျိူးပါပဲ။ ဒါကြောင့် အသစ်ထွက် HONOR ဖုန်းတွေမှာ Galaxy AI လိုမျိူး AI Features တွေကို မြင်တွေ့ရတော့မှာပါ။

Google ရဲ့ AI Features တွေကို နောက်လထဲမှာ Global Launch အနေနဲ့ မိတ်ဆက်ဖို့ရှိတဲ့ HONOR 200 Series မှာ အရင်ဆုံးထည့်ပေးသွားမယ်လို့ သိရပါတယ်။ မူဆယ်တစ်ဖက်ကမ်းမှာ ဒီလမကုန်ခင် မိတ်ဆက်သွားမဲ့ HONOR 200 Series မှာတော့ Google ရဲ့ AI Features တွေ ပါမှာမဟုတ်ပါဘူး။

ဆိုတော့ Global အလုံးနဲ့ မူဆယ်တစ်ဖက်ကမ်းအလုံးတွေမှာ AI မော်ဒယ်သုံးထားတာတွေလည်း ကွာခြားသွားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် HONOR (Global) အလုံးတွေမှာ Google AI ရလာတာက တော်တော်မိုက်သွားပါပြီ။

image