19 w - Translate

#bananacake( ဌက်ပျောသီးကိတ် )
======================

ပါဝင်ပစ္စည်းများ
=========

ငှက်ပျောသီးအမှည့် ၂လုံး (ခရင်းနင့်ချေထားပါ)
Self raising flour 150g
သကြား 100g
Baking powder လဘက်စားဇွန်း ၁ဇွန်း
Baking Soda လဘက်စားဇွန်း တဝက်
ကော်မှုန့်/ ပြောင်းမှုန့် ထမင်းစားဇွန်း ၁ဇွန်း
Almond milk 100ml
Apply cider vinegar လဘက်စားဇွန်း ၁ဇွန်း
Coconut Oil 70ml
Chicolate chip 50g
ဆားအနည်းငယ်

ပြုလုပ်နည်း
=======

ပါဝင်ပစ္စည်းများအားလုံးသမအောင်ရောမွှေပါ။စက်နှင့်မွှေမွှေလက်နှင့်မွှေမွှေနှစ်မျိုးလုံးအဆင်ပြေပါတယ်။ လက်နှင့်မွှေပါကအမှုန့်များလုံးဝပျော်ဝင်သည်ထိစိတ်ရှည်ရှည်နှင့်မွှေပေးရပါမည်။ ကျမလဲစက်မသုံးပဲလက်နှင့်မွှေထားတာပါပဲ။ မုန့်နှစ်မွှေနေစဉ် Oven ကိုကြိုပြီး 350F/ 175C အပူပေးထားပါ။

ဖုတ်မည့်ဘန်းထဲမုန့်နစ်လောင်းထည့်ပြီးမိနစ် ၄၀ခန့်ဖုတ်ပါ။ ခရင်း (သို့) သွားကြားထိုးတံအထဲသို့ထိုးကြည့်ပါကဘာမှကပ်ပါမလာလျှင်မုန့်သားအထဲတွင်ကျက်နေပါပီ။ နာရီဝက်ခန့်အအေးခံပြီးပါကစားရန်အသင့်ဖြစ်ပါပြီ။
#cooking

image