19 w - Translate

အိမ်ကိုပြန်လာတိုင်း ကိုယ့်အတွက်ရယ်လို့ တယောက်ယောက်ကိုတော့ ရှိနေစေချင်တယ်။

အဆင်ပြေခဲ့တယ်မဟုတ်လားလို့
အပြုံးနဲ့မေးဖို့ ၊
ပင်ပန်းလာပြီလားလို့ ဆီးကြိုပွေ့ဖက်ဖို့ပေါ့။

တယောက်တည်းဆိုတဲ့
နေ့ရက်တွေနောက်မှာ
သူနဲ့အတူဆိုတဲ့နေ့ရက်တွေ။

ချစ်လားလို့ ခဏ၊ ခဏတော့မမေးပါဘူး၊
ချစ်တယ်လို့တော့ တဖွဖွပြောပြချင်တယ်။

ချစ်ခြင်းမေတ္တာဟာ
စက္ကူပန်းပင်ကလေးတွေလို
လောကဓံက အလေးသာလေလေ
ပိုပြီးဝေဆာလာလေလေ...
ရေကိုမလို၊ မိုးကိုမလို
အဲ့ဒီလိုချစ်ခြင်းမေတ္တာကိုသာ တဘဝစာ လိုအပ်ခဲ့ပါတယ်။

When I return home,
I yearn for someone to be there,
welcoming me with a smile,
asking, "How was your day?"
or embracing me
and saying, "You must be tired."
After days of solitude,
the moments with him arrive.
I don't frequently ask, "Do you love me?"
But I delight in saying, "I love you" often.
Love is akin to Bougainvillea flowers.
The more challenging life's ups and downs,
the stronger and more beautiful it becomes.
It doesn't thirst for water or rain, only love.
That's the kind of love I need throughout my life.

image