19 w - Translate

" Self Control "

ပညာ မတတ်တဲ့သူ ဆိုရင်တောင်
Self Control ကောင်းတဲ့သူက
ပျက်စီးဆုံးရှုံးဖို့ ရာခိုင်နှုန်း နဲပါတယ်။

မကောင်းတာ လုပ်နေတဲ့သူတောင်
Control နဲ့ Limit ရှိတဲ့သူက
အဆုံးထိ မရောက်သွားတတ်ပါဘူး။

ဒီတော့အခုလို ဖုန်းလေးရှိရုံနဲ့
အရာရာလွယ်ကူနေတဲ့ ခေတ်မှာ
အရေးကြီးဆုံးက Self Control ပါ။

Self Control ရှိမှ
သူများကြွားတဲ့ဒဏ်တွေ ခံနိုင်မှာ။

Self Control ရှိမှ သူများခေါ်လို့
အားနာပြီး ပေါက်ကရလုပ်မိမယ့်
အဖြစ်တွေက လွတ်နိုင်မှာ။

Self Control ရှိမှ အောင်မြင်သူတွေကို
အားကျပြီး အောင်မြင်တဲ့သူတွေလို
ပြုမူကျင့်ကြံပြောဆို နေထိုင်တတ်လာမှာ။

မိဘတွေဆိုလည်း သားသမီးတွေကို
ပညာရေးအပြင် Self Controlရှိဖို့
သင်ပေးကြဖို့ လိုအပ်လာပါပြီ။

ကိုယ့်သားသမီးကို တသက်လုံး
လိုက်စိတ်ပူနေတာထက် Self Control
မိအောင် သင်ပြသင့်ပါတယ်။

သူ့ဟာသူ ထိန်းသိမ်းတတ်သွားတဲ့သူက
ဘဝအခက်အခဲ တဝက်လောက်ကို
ရင်ဆိုင်သွားနိုင်လိမ့်မယ်။

အရာအားလုံးထဲမှာ အခက်ဆုံးက
ကိုယ့်စိတ်ကို ကိုယ်ထိန်းရတာဘဲ။

" စိတ်ကို နိုင်တဲ့သူက
အရာအားလုံးကို နိုင်တဲ့သူပါ "

စိတ်နိုင်သူများ ဖြစ်နိုင်ကြပါစေ။