19 w - Translate

📰 : ရီးရဲယ်ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်လောက်အထိ ရီးရဲယ်မက်ဒရစ်အသင်းဟာ ခရိုအေးရှားသားကြီးနဲ့ ဒီရာသီကုန်မှာ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ယခုချိန်မှာတော့ မိုဒရစ်နဲ့ ဖလော်ရီယန်တီနို ပီရက်ဇ်တို့နှစ်ယောက်ကြား သဘောတူညီမှုရရှိခဲ့ခြင်းနဲ့အတူ အသင်းမှာ ဆက်ရှိနေတော့မှာပါ။

အသက် ၃၈ နှစ်အရွယ် ကွင်းလယ်လူကြီးဟာ လစာအမြောက်အများရနိုင်တဲ့ ဆော်ဒီကလပ်တွေထက် လက်ရှိလစာထက်တော-င် အဆပေါင်းမြောက်များစွာ လျှော့နည်းတဲ့ ရီးရဲယ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပဲ လက်ခံခဲ့တာပါ။

သူဟာ ဘာနေဗျူးမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ပြီး၊ လာမဲ့ရာသီမှာလည်း အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ဆုဖလားတွေ ထပ်မံဆွတ်ခူးဖို့ ရည်ရွယ်ထားတာကြောင့်လို့ သိရပါတယ်။

Source- ( Jose Felix Diaz )

image