19 w - Translate

လူ့ဘဝဟာ တိုတောင်းလွန်းပါတယ်။ ဘယ်အရာမှလည်း မတည်မြဲတာမို့၊ အခုအချ်ိန်ဘာကို ဂရုစိုက်သလဲလို့​မေးရင် ကိုယ့်အတွက် တစ်နည်းအားဖြင့် လူ့ဘဝအတွက် တန်းဖိုးရှိတယ်၊ အချိန်ပေးသင့်တယ်လို့ ထင်တဲ့အရာတွေကို ပိုဦးစားပေးလုပ်ဖြစ်ပါတယ်။

ဘယ်သူ့မှ ကိုယ့်ကိုအသိအမှတ်မပြုရင်လည်း ကိုယ့်ကိုယ်ကိုအားပေးပြီး ရှေ့ဆက်ပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာ ခရာအကျဆုံးလို့ မှတ်ယူတဲ့အရာက "နောင်တနည်းအောင် အသက်ရှင်နေထိုင်နည်း"ပဲ။ လွယ်မလိုနဲ့ သိပ်ခက်တယ်။ ဥပမာ- ကိုယ်လုပ်ချင်တဲ့အရာကို အချိန်မဆွဲဘဲ ထလုပ်ရတာမျိုး၊ ချည်နှောင်ထားချင်ပေမယ့် ခွင့်လွှတ်ရတာမျိုး၊ သယ်ဆောင်ထားချင်ပေမယ့်လည်း လွှတ်ချခဲ့ရတာမျိုးပေါ့။

ခက်ခဲပေမယ့် အခုနောက်ပိုင်း အဲ့ဒီအချက်ကို အမြဲခေါင်းထဲမှာတွေးဖြစ်တယ်။ ဒါမှသာ မနက်​ဖြန်မှာ ကိုယ်မရှိတော့ရင် နောင်တနည်းမှာ မဟုတ်လား?

image