19 w - Translate

အိမ်ထောင်ပြုချင်စိတ်ကုန်သွားတဲ့နေ့
ကျွန်မက နောက်နှစ် နှစ်ဆန်းဆိုရင် လက်ထပ်တော့မယ်သတို့သမီးလောင်းပေါ့.. ကိုယ်ချစ်တဲ့သူနဲ့ပဲ အိုသည်အထိ အတူရှိချင်တဲ့ မိန်းကလေးတွေအများကြီးထဲကတစ်ယောက်ပါ ။

ကျွန်မဖြစ်ချင်တဲ့ ဆန္ဒသေးသေးလေးကို စိတ်အ‌နှောင့်အယှက်ကင်းကင်းနဲ့ဖြစ်ခွင့်မပေးဘူး ။
“ယောကျာ်းတိုင်းက ဒီလိုမဟုတ်ပါဘူး သမီးရယ်” ဆိုတဲ့အမေ့စကားလည်း နားမဝင် “ကိုကို ကတိပေးပါတယ်”ဆိုတဲ့ ချစ်သူရဲ့စကားနဲ့ “သူကတော့ လူကောင်းပါဟယ်” ဆိုတဲ့သူငယ်ချင်းတွေရဲ့ စကားတွေကိုပါနားမဝင်တော့ဘဲ ယောကျာ်းတွေအကုန်တူတူပဲဆိုတဲ့ နေ့ကိုရောက်လာခဲ့တယ် ။

ကျွန်မ မျက်မှန်းတန်းမိနေပြီး သူငယ်ချင်းတွေရော တော်တ်ောများများသဘောကျတဲ့အတွဲလေးရှိပါတယ် ။ တွဲလာတာသိပ်မကြာသေးပေမယ့် ဘာလို့လူတိုင်းက သဘောကျလဲဆိုရင် အစ်ကိုကြီးက အစ်မကြီးကို သိပ်ချစ်ပေးတာ ၊‌ သိပ်ရိုးသားတာ ဆိုပြီးအများကြီးအားကျခဲ့ရတာပေါ့။ ချစ်သူသဘာဝအရ အတူနေရင်း ကိုယ်ဝန်ရသွားတော့ မကြာခင်ယူကြတော့မယ်ဆိုပြီးထင်ခဲ့ကြတာပေါ့ ။ ဒါပေမယ့် မထင်မှတ်ခဲ့ဘဲ သိခဲ့ရတာ အစ်ကိုကြီးက ကလေးအဖေ အိမ်ထောင်သည်တဲ့ ။ သူ့ကို အဆက်အသွယ်မရလို့ သူ့နယ်ကို လိုက်သွားခဲ့တော့မှသိခဲ့ရတာတဲ့ ။ ဒီသတင်းကို ကြားကြားချင်းကျွန်မ စိတ်ထဲ ယောကျာ်းတွေကို ကြောက်လိုက်တာ စိတ်ပျက်လိုက်တာဆိုတာ တွေးမရအောင်ပါဘဲ ။
ဒီသတင်းကိုကြားကြားချင်း သူငယ်ချင်းတစ်ယောက်က သူ့အစ်မရဲ့အိမ်ထောင်ရေးအကြောင်းကိုပြောပြတယ် ။ သူ့အစ်မယောကျာ်းက ဖောက်ပြန်နေခဲ့တာတဲ့ ။ သမီးလေးကိုသိပ်ချစ်တဲ့ ယောကျာ်းဖြစ်လို့ ဒီအလုပ်ကိုမလုပ်‌လောက်ပါဘူးဆိုပြီး ရုံးပြန်နောက်ကျရင် ၊ အလုပ်ကိစ္စနဲ့ ခရီး ခဏခဏ ထွက်ရတာတွေကိုယုံကြည်ခဲ့သမျှဟာ သူနောက်တစ်ယောက်နဲ့ ကောင်းကောင်းကြီး ဖောက်ပြန်ဖို့အတွက်လိုဖြစ်နေခဲ့တယ်ဆိုတာ မယားငယ် နဲ့ ခရီးတူတူသွားတာကို ကားဂိတ်မှာ ပက်ပင်းတိုးမှ သိခဲ့ရတာတဲ့ ။

အိမ်ထောင်သက် ၄နှစ်လောက်ရောက်နေပြီးမှ နောက်မိန်းမက ကိုယ်ဝန်ရသွားလို့ဆိုပြီး ကွာရှင်းလိုက်ကြတဲ့ ငယ်သူငယ်ချင်းမကလည်း ဒီကိစ္စတွေကို ပြောရင်း ငိုရင်းနဲ့ အဲ့နေ့ဟာ ကျွန်မအတွက်ဘယ်ယောကျာ်းကိုမှ မယုံကြည်တော့ပါဘူး ။

သူ့ကိုဘယ်လောက်ပဲချစ်ချစ် သူကပဲဘယ်လောက်ချစ်ပေးချစ်ပေး ယောကျာ်းတွေကို ကြောက်လာခဲ့တဲ့အချိန်ကစပြီး သူက မယုံကြည်စရာကောင်းတဲ့ ယောကျာ်းတစ်ယောက်အပြင်မပိုတော့ပါဘူး ။

အိမ်ထောင်ပြုဖို့လက်တစ်ကမ်းအလိုမှာရောက်နေတဲ့ ကျွန်မက သူဖောက်ပြန်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်နဲ့ ဘယ်လိုမှအိမ်ထောင်သည်ဘဝကို မရောက်ချင်တော့ဘူး ။

image