19 w - Translate

ကောင်းကင်မှာ တိမ်တွေမရှိတဲ့အခါ
တကယ်ကို စိတ်ထဲအဆင်မပြေသလိုပဲ
တိမ်တွေလည်း သူပျောက်ကွယ်ရတဲ့
အကြောင်းတွေရှိလောက်မှာပါ
မိုးတွေရွာချလို့လား
လေတွေတအားတိုက်လို့များ
အဝေးတစ်နေရာရောက်သွားတာလားပေါ့
တစ်ခါတလေ သူကောင်းကင်ကြီးကို
စိတ်ပျက်တဲ့အချိန်ဆိုတာလည်း ရှိနိုင်တာပဲ
တိမ်တွေက သိပ်ကိုလှသလို တခါတလေကျ
နားလည်ရခက်တယ်
တိမ်တွေမြင်နေရရင် ပျော်သလို
မမြင်ရတော့တဲ့အခါကျရင်လည်း မျှော်နေရမှာပဲလေ
ဒါတိမ်တွေကိုချစ်မိတဲ့ စိတ်တွေကြောင့်ပဲမဟုတ်လား
ကျွန်တော်ပြောချင်တာ တိမ်တွေအကြောင်းမဟုတ်ပါဘူး ။
-Flexx

image