ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘယ်ကစလွဲခဲ့လဲဆိုတာ မမှတ်မိတော့ဘူး
တခါတလေသတိရသလိုလိုနဲ့ တခါတလေညို့မှိုင်းမှိုင်းဖြစ်မိတာကလွဲလို့အဆင်ပြေပါသေးတယ်။ ဇာတ်လမ်းအဆုံးကို သိပြီးသားပေမဲ့ စာကိုယ်တွေကို ခံစားဖို့ အင်အားကမလုံလောက်နေပြန်ဘူး။
မိုးလေးညိုတာနဲ့ မျက်နာကညှိုးရပြီ။ ဒီအချိိန်ဆို လက်လေးကိုင်ပြီး မိုးရိပ်တွေကို အကဲခတ်နေကြရမှာမဟုတ်လား။ ချစ်တာကိုး။
သေးသေးလေးရယ်လို့ စိတ်အဆင်မပြေတာနဲ့ ငြိမ်ကြသွားတက်တဲ့ ကိုယ့်ကိုရယ်လည်း အားမရပြန်ဘူး။ အားကျရတဲ့ လူတွေမှာလဲ ကိုယ်မရနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုံးလို့ ပျော်လို့။
ဘယ်လမ်းကသွားသွား ပင် "ပန်းခြင်း" တွေထမ်းထားရတော့ အဆုံးသတ်ဟာ အစနေရာဘဲ၊ မောလို့ပန်းလို့။
“လူ” မဟုတ်လား။ မေတ္တာတရားနဲ့ ရှင်သန်ချင်တာပေါ့။ အနင်းခံရတိုင်း ဘယ်သူလဲလို့ မောမော့ကြည့်ရတာ ဇာတ်တွေလည်းညောင်းလှပြီလေ…