20 w - Translate

ကိုယ်ခံအားကောင်းစေသော
အမဲသားစွပ်ပြုတ်🤤
အမဲသားကို အရသာရှိရှိနဲ့ စွပ်ပြုတ်လေး လုပ်သောက်ရအောင်နော်။ သံဓါတ်အပြည့်အဝ ပါတဲ့ အမဲသားကို စွပ်ပြုတ်လုပ်သောက်မယ်ဆိုရင် ချစ်တို့အတွက် အားရှိစေမှာ အသေအချာပါပဲ။ အားရှိစေမယ့် စွပ်ပြုတ်လေး လုပ်သောက်ရအောင်။

ပါဝင်ပစ္စည်းများ
အမဲသား- (၂၀) သား
ဂျင်း- အနည်းငယ်
ကြက်သွန်ဖြူ- အနည်းငယ်
ကြက်သွန်မြိတ်- အနည်းငယ်
ပဲငံပြာရည်- လက်ဖက်စားဇွန်း(၂) ဇွန်း
ငံပြာရည်- လက်ဖက်စားဇွန်း(၁) ဇွန်း
စပါးလင်- တစ်ပင်
မုန်လာဥနီ- တစ်ဝက်
ပြောင်ဖူး မုန်ညင်းဖြူ
ချက်ပြုတ်နည်း
ပထမဦးဆုံး အမဲသားကို အတုံးခပ်ကြီးကြီး တုံးထားပြီး ရေဆေးသန့်စင်ထားပါ။
ပြီးရင်တော့ အမဲသားကို ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူတွေထောင်းထားပြီးသားနဲ့ ရောနယ်ပါ။
ဆားနဲ့ ဟင်းခတ်မှုန့်ပါ ထည့်ပြီး နယ်ပါ။ မိနစ်(၂၀) လောက် ကြာအောင် နှပ်ထားပါ။
အနံ့အရသာတွေ ဝင်ပြီဆိုရင်တော့ ရေနည်းနည်းနဲ့ စတင်ပြီး ပြုတ်ပါ။

ရေနည်းနည်းချင်းစီသာ ထပ်ထည့်ပြီး ဖြည်းဖြည်းချင်း အချိန်ယူပြီး ပြုတ်ပါ။
နူးအိနေအောင် ပြုတ်ထားဖို့ လိုပါတယ်။
အမဲသား နူးအိလာပြီဆိုရင်တော့ ပဲငံပြာရည်နဲ့ ငံပြာရည့်ထည့်ပါ။
အရသာ မြည်းပါ။ အမဲသားတွေ နူးအိလာပြီဆိုရင် မုန်လာဥနီ ပြောင်းဖူး လှီးထည့်ပါ။
မုန်လာဥနီပါ ပြောင်းဖူးနူးပြီဆိုရင်တော့ မုန်ညင်ရဖြူလေးလှီးထည့်မီးပိတ်လို့ ရပါပြီ။
စားခါနီးမှ ကြက်သွန်မြိတ်တို့ တရုတ်နံနံပင်တို့ ထပ်ထည့်ပြီး သောက်နိုင်ပါတယ်။

image