20 w - Translate

iOS Update တင်လိုက်လို့ ဖျက်ထားတဲ့ ပုံတွေပေါ်တဲ့ကိစ္စကို Apple ဝန်ခံလိုက်ပါပြီ
ဘာကြောင့်ပြောရလဲဆိုရင် iOS 17.5.1 နဲ့ Bug Fix Update ထုတ်ပေးလိုက်ရလို့ပါပဲ

Update Description မှာလဲ ပုံတွေ ပြန်ပေါ်လာတဲ့ကိစ္စကို Mention ထားတာ ဆိုတော့ Apple ဘက်ကနေ ဒီကိစ္စက တကယ်ဖြစ်နေတာပါဆိုတာမျိုးကို တစ်ဖက်လှည့်နဲ့ ပြောပြလိုက်တာမျိုးပါ

ဆိုတော့ Update တင်ချင်သူများ iOS 17.5.1 ကိုတင်ပါ

မသိသေးတဲ့ပြသနာတော့ရှိပါသေးတယ် iOS 17.5.1 တင်တဲ့အခါ အရင်တုန်းက ပေါ်လာတဲ့ပုံတွေက ပျောက်သွားမှာလား ၊ ဒါမှမဟုတ် ဆက်ရှိနေဦးမှာလား ဆိုတာကိုတော့ မသိရသေးပါဘူး

ဒီလို Security Breach ပြသနာကြီးကြီးမားမားဖြစ်တာတောင် Apple လို Company အတွက် ဘာမှသိပ်မဖြစ်သွားတာတော့ ထူးဆန်းတယ်လို့သုံးသပ်ရမှာပါပဲ

image