20 w - Translate

🍜ကြက်သားကြာဇံဆီချက်
🍴အိမ်မှာအလွယ်တကူနဲ့လုပ်စားကြမယ်နော်
✏ သရဖူကြာဇံ ၂၅ ကျပ်သားတစ်ထုပ်ကို
....ရေနွေးဖြောပြီးရေစစ်ထား
✏ ကြက်သား ၂၀သား ဆား အရသာမှုန့် တရုတ်မဆလာလေးနဲ့
....နယ်ပြီးပြုတ်ထား
....ပြီးရင်အသားနွှင်ထား
✏ ဒယ်အိုးထဲဆီထည့်...ဆီပူလာရင်
.....ကြက်အရေခွံလေးထည့်ကြော်ပြီးဆီကိုဖယ်ထား
✏ ABC ပဲငံပြာရည်အကြည်ကို
.....ဆား ဂျင်းထောင်းထားတာထည့်
....ထန်းညက်လေး ၅ လုံးလောက်ထုထည့်ပြီး
....ဆူအောင်ကျိုထား
✏ ကြက်သွန်ဖြူကြော်ကိုထုထား
✏ ကြက်သွန်မြိတ်တစ်စည်း ညှပ်ထား
✏ ငရုတ်ကောင်းမှုန့်တစ်ဘူး
🍜ကဲ....ကြက်သားဆီချက်ပွဲလေးပြင်မယ်နော်
🍜ပန်းကန်ထဲကြာဇံတစ်ပွဲစာထည့်
🍜ချက်ထားတဲ့ဆီ ဟင်းစားဇွန်း ၂ဇွန်းဆမ်း
🍜ပဲငံပြာရည်အကြည်ချက်ထားတာလေး
....၁ ဇွန်းခွဲလောက်ထည့်..ငရုတ်ကောင်းမှုန့်လေးဖြူးပြီး
🍜ပန်းကန်ထဲပြောင်းထည့်ပြီး အပေါ်ကနေ
.....ကြက်သွန်ဖြူကြော်ဖြူး
.....ကြက်သားဖြူး
.....ကြက်သွန်မြိတ်လေးဖြူးပြီး.....စားမယ်နော်။
#cooking

image