20 w - Translate

မနေ့က Friend တစ်ယောက် တင်ထားတဲ့ Facebook Post တစ်ခုမှာ -

ချစ်ခြင်းမေတ္တာမှ နှုတ်ထွက်ပါကြောင်း တဲ့ ။

အဲဒီ့အသုံးအနှုန်းလေး သဘောကျပါရဲ့ ရှင်။

ဟုတ်တယ် ။
ကျမ တို့တွေဟာ နာကြည်းမုန်းတီးမှုတွေရဲ့ အဝေးကို အလိုလို ထွက်ခွာသွားကြပေမယ့် ချစ်ခြင်းမေတ္တာနဲ့ အနှောင်အဖွဲ့တွေကြားမှာ ကိုယ်တိုင်ကိုယ်ကျ ပိတ်လှောင်ခံနေကြတယ် ။

လောကမှာ စိတ်၏ပင်ပန်းခြင်း၊ စိတ်၏ပူလောင်ခြင်းနဲ့ သောကဗျာပါဒတွေအားလုံးဟာ ကျမ တို့ချစ်ရတဲ့ အရာတွေဆီကပဲ ကျမတို့ ရနေကြရတာ ။

လိုက်နာနိုင်ခြင်း မရှိသေးပေမယ့် တကယ်ကို သဘောကျမိပါတယ်။
ချစ်ခြင်းမေတ္တာမှ နှုတ်ထွက်ပါကြောင်း တဲ့ ။

image