20 w - Translate

#ကြက်သားကင်နဲ့ဝက်သားကင် တွေကို
အနံ့လေးမွှေးပြီးအရသာလဲရှိနေအောင်
ဘယ်လိုအရသာနှပ်ကင်ရမယ်ဆိုတာကို
မင်မင့်နည်းလေးမျှဝေပေးမယ်နော်
အချဉ်ဖျော်စပ်နည်းလေးလဲပါတယ်နော်
အခုမင်မင်မျှဝေပေးမှာကဝက်သား ၅၀ သား
ကြက်တစ်ပိဿာစာအချိုးစားအတွက်ပါလို့
ကြက်သားပဲဖြစ်ဖြစ် ဝက်သားပဲဖြစ်ဖြစ်
၁။ ဆန်အရက် - ရေသန့်ဖုံးသေး ၂ ဖုံး
၂။ တရုတ်မဆလာ - လဖက်ဇွန်း ၄ ဇွန်း
၃။ လျှာထုံမှုန့် - လဖက်ဇွန်း ဇွန်းတစ်ဝက်
၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၄ ဇွန်း
ဂျင်း/ကြက်သွန်ဖြူထောင်းအရည်နဲ့
ဆား/ဟင်းချိုမှုန့်အနည်းငယ်တို့ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးကိုရောနယ်ပြီးရင်
အဖုံးပါတဲ့ဗူးထဲလုံအောင်ပိတ် ရေခဲသေတ္တာထဲ
၁ ညလောက်နှပ်ထားပြီးမှကင်စားရင်တော့
ဆိုင်ကြီးတွေမှာကင်တဲ့အသားကင်မျိုးလေး
အနံ့မွှေးမွှေး အရသာရှိရှိစားရမှာဖြစ်ပါတယ်ေနာ်။
#ကင်တဲ့အခါမပြုတ်ပဲအစိမ်းတိုင်းပဲကင်ပါ။
ကြက်သားဆိုအရင့်ကိုမသုံးပါနဲ့နော်။
#ရှမ်းကြက်/အိမ်ကြက်/CP ကြက်နဲ့ကင်ပါ။
အချဥ်ရည်စပ်နည်း
ကြက်သွန်ဖြူ-ငရုတ်သီးနုတ်နုတ်စင်း
ပဲငံပြာရည်-ဆား-ဟင်းချိုမူန့်ထည့်
သံပုရာသီး-ရေသန့်အနည်းငယ်
ခပ်ပျစ်ပျစ်လေးဖျော်ပြီအသားကင်နဲ့ကအလိုက်ဖက်ဆုံးပါဘဲနော်..

image