20 w - Translate

AI ရဲ့ Power က ဘယ်လောက်ထိကြီးလဲဆိုရင် “AI မှာ ဦးဆောင်နိုင်သူက ကမ္ဘာကြီးကို အုပ်စိုးမှာပဲ” လို့ ပူ+တင်က ပြောရတဲ့အထိပါပဲ။ လွန်ခဲ့တဲ့ ၇နှစ် (၂၀၁၇) တုန်းက ပူ+တင်ပြောခဲ့ဖူးတဲ့ စကားပါ။

ဆိုတော့ သူတို့တွေဟာ AI နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ဆောင်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ အဲ့လိုပဲ မူဆယ်တစ်ဖက်ကမ်းကလည်း အခုနောက်ပိုင်းမှာ AI အပိုင်းကို အရင်တုန်းကထက်ပိုပြီး ရင်းနှီးမြှုပ်နှံလာပါတယ်။

AI ရဲ့ Godfather အဖြစ်နာမည်ကြီးတဲ့ ပရော်ဖက်ဆာ Geoffrey Hinton ကတော့ AI သုတေသနအပိုင်းမှာ အနောက်နိုင်ငံတွေဟာ သူတို့ထက် ရှေ့ရောက်ကောင်း ရောက်နေနိုင်တယ်လို့ ပြောပါတယ်။ မည်သို့ပင်ဆိုစေကာမူ အင်အားကြီးနိုင်ငံတွေကတော့ AI မှ AI ဖြစ်နေပါပြီ။ ဒါကြောင့် ကိုတင်ပြောသလိုပဲ AI မှာ ဦးဆောင်နိုင်သူက ကမ္ဘာကြီးကို အုပ်စိုးသွားပါလိမ့်မယ်။

Geoffrey Hinton ကတော့ AI ကို စစ်+ဘက်+ဆိုင်+ရာ အသုံးပြုခြင်းအတွက် ပိတ်ပင်တားမြစ်တာက ပိုကောင်းတဲ့ ဖြေရှင်းချက်ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။

Ref: BBC, The Verge

image