20 w - Translate

သခွားသီးရခိုင်သုပ်လေးစားကြမယ်
အရင်ဆုံးသခွားသီးကိုသခွားဂျစ်နဲ့ခြစ်ထားပါ
မျှင်ငါးပိမီးဖုတ်ထားပေးပါ
ငရုပ်သီးစိမ်းကိုအပိုင်းလေးတွေညှပ်ထားပေးပါ
မကျဉ်းမှဉ့်အနှစ်အရည်ကျဲကျဲလုပ်ထားပေးပါ
ဆား၊အချိုမှုန့်
အိမ်မှာငါးဟင်းချက်ထားရင်ငါးအသားနွင်ထားပေးပါ
ပုဇွန်ခြောက်ကြိုက်ရင်ပုဇွန်ခြောက်မှုန့်
သုပ်မယ့်ဇလုံထဲကို
မျှင်ငါးပိမီးဖုတ်ထားတာထည့်၊ငရုပ်သီးစိမ်းညှပ်ထားတာထည့်၊ဆားထည့်၊အချို့မှုန့်ထည့်၊မကျဉ်းနှစ်အရည်ကျဲကျဲလေးထည့်၊ငါးအသားနွင်ထားတာထည့်(ပုဇွန်ခြောက်မှုန့်ထည့်)ပြီး မျှင်ငါးပိပျော်သွားတဲ့အထိဖျော်ပေးပါ။အကုန်လုံးသမအောင်လုပ်ပြီးရင်သခွားသီးခြစ်ထားတာထည့်ပြီးသုပ်လိုက်ပါ။အရည်ကြိုက်ရင်ရေနည်းနည်းထပ်ထည့်ပြီးအပေါ့အငန်လိုသလိုထပ်ထည့်ပါထမင်းမြိန်စေတဲ့သခွားသီးရခိုင်သုပ်လေးရပါပြီဗျ။
#cooking

image