20 w - Translate

နောက်ယောင်ခံ လိုက်ခံရဖို့ဆိုတာ ဒီဘက်ခေတ်မှာ အရမ်းလွယ်တာ AirTag လို Tag Tracker ကို ကိုယ့်ကားပေါ် တင်ထားရင် ကိုယ်သွားသမျှ နေရာတွေသိနေမှာဗျာ ကားရဲ့ဘယ်နား Tag ထည့်ထားမှန်းတောင်ကိုယ်က သိမှာမဟုတ်ဘူး

ဒီပြသနာက နောက်ပိုင်း AirTag လို tracker တွေ ထွက်လာအပြီးမှာ အကြုံရဆုံးတွေထဲက တစ်ခုပဲ သတင်းတွေလဲ ခနခန တက်တာကိုတွေ့ဖူးမှာပါ

အခုတော့ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့ Apple နဲ့ Google တို့ ပူးပေါင်းကြပါပြီ

အခု iOS 17.5 နဲ့ Google ရဲ့ Android 6.0 ++ အထက် Devices တွေမှာ ကိုယ်စီမှာ Tracker တစ်ခုခုကပ်ပါလာရင် အသိပေးတဲ့ စာကိုရရှိမှာပါ

“[Item] Found Moving With You” ဆိုတာမျိူးပေါ့

ဒါက ဘယ် Platform နဲ့ တွဲထားတဲ့ Tag Tracker ဖြစ်ဖြစ်လို့သိရပြီး အကယ်၍ ကိုယ့်စီမှာ ပါလာတာကို ဖုန်းကနေတဆင့် တွေ့ခဲ့မယ်ဆိုရင် ရှာနိုင်ဖို့အတွက် Play Sound / Locate စနစ်တွေအပြင် Disable လုပ်ဖို့အတွက် နည်းကိုပါ ပြပေးမယ်သိရပါတယ်

လက်ရှိမှာ Chipolo, eufy, Jio, Motorola, နဲ့ Pebblebee စတဲ့ ထုတ်လုပ်သူတွေက နောက်ပိုင်း ထုတ်တဲ့ tags တွေမှာ အသုံးပြုလို့ရအောင်လုပ်ပေးသွားမယ်ပြောထားပါတယ်

image