20 w - Translate

ဆီဗီလာရဲ့သက်တော်ရှည် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျီးဆပ် နာဗတ်စ်ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကတင် ကြေငြာခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိနေပြီဖြစ်တဲ့ ကစားသမားကြီးကို ဆီဗီလာဘက်ကလည်း စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိခဲ့ပါဘူး။
ပြောရမယ်ဆိုရင် နာဗတ်စ်နဲ့ ဆီ‌ဗီလာတို့ ရေစက်ကုန်သွားပြီလို့ ထင်ခဲ့ရပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်လောက်အတွင်းမှာပဲအပြောင်းအလဲတွေဖြစ်လာခဲ့ပြီး၊ နာဗတ်စ်နဲ့ အသင်းဥက္ကဌတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတာပါ။
ဒီဆွေးနွေးမှုအပြီးမှာတော့ စပိန်သားကြီးဟာ ကလပ်နဲ့ တသက်တာစာချုပ် ချုပ်ဆိုလိုက်ပါတော့တယ်။
စာချုပ်အရ နာဗတ်စ်ဟာ ဆီဗီလာမှာ ဒီဇင်ဘာလအထိ ကစားသမားအဖြစ်နဲ့ ဆက်ရှိနေဦးမှာဖြစ်ပြီး၊ အဲ့ဒီနောက်ပိုင်းမှာတော့ ကစားသမားမဟုတ်တဲ့ တခြားကြိုက်တဲ့ ရာထူးတစ်ခုခုနဲ့ အသင်းမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ခွင့် ရရှိဦးမှာပါ။
သူဟာ ဒီဇင်ဘာလအထိ အသင်းအတွက် လစာ တပြားမှမယူပဲ ကစားပေးသွားမှာဖြစ်သလို၊ သူ့ရဲ့လစာငွေအားလုံးကိုလည်း ဆီဗီလာဖောင်ဒေးရှင်းဆီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ❤👏
Credit

image