20 w - Translate

သင့် ဖုန်း ခိုးယူခံရခြင်းမှ ကာကွယ်နိုင်တဲ့ Features တွေကို Google က ထည့်သွင်းပေးတော့မည်
======================================================
သင့် ဖုန်း ခိုးယူခံရတာဟာ ပေါ့သေးသေး ကိစ္စ မဟုတ်ဘဲ သင့် Mobile Banking App ထဲက ငွေတွေ ပါသွားနိုင်သလို တခြား အရေးကြီး ဒေတာတွေလည်း ပါသွားနိုင်ပါတယ်။
အခုတော့ Google က သင့်ဖုန်းကို လွယ်လွယ်ခိုးယူလို့ မရအောင် ကာကွယ်နိုင်တဲ့ Feature တွေကို ထည့်သွင်းပေးတော့မှာပါ။ အဲဒီ Feature တွေကို Android 10 နဲ့ နောက်ပိုင်းဖုန်းတွေမှာ Google Play Services Update ကနေ ဒီနှစ်နှောင်းပိုင်းမှာ ထည့်သွင်းပေးမှာပါ။ Android 15 မှာတော့ တပါထဲ ပါလာမှာပါ။
သင့် ဖုန်း ခိုးယူခံရရင် ခိုးသူက ဖုန်းကို လွယ်ကူစွာ Reset မလုပ်နိုင်အောင် ပြုလုပ်ထားမှာပါ။ ဒီ Feature ဟာ Android Factory Reset Protection ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ သူခိုး ၁ ယောက်ဟာ ခိုးထားတဲ့ဖုန်းကို Reset ချလိုက်ပြီးနောက်မှာ သင့် Google အကောင့် သတင်းအချက်အလက်တွေကို သိမှသာ ဖုန်းကို Set Up လုပ်နိုင်မှာပါ။ အဲဒီအတွက် ခိုးထားတဲ့ ဖုန်းကို ပြန်ရောင်းလို့ မရတဲ့အတွက် ဖုန်းခိုးယူမှု နည်းသွားမှာပါ။
သင့် ဖုန်းထဲက ငွေကြေးနဲ့ ဒေတာတွေကို ခိုးယူလို့ မရနိုင်အောင်လည်း Google က ပြုလုပ်ထားပါတယ်။ အဲဒါက Private Space ဖြစ်ပါတယ်။ အဲဒီမှာ သင့်ရဲ့ ငွေကြေး App နဲ့အရေးကြီး ဒေတာတွေ ပါတဲ့ App တွေကို ထည့်သွင်းပြီး သီးခြား PIN နဲ့ Lock လုပ်ထားနိုင်ပါတယ်။
နောက် Feature ၁ ခုက သင့် PIN, Password နဲ့ Biometric ကို သိမှသာ သူခိုးက Find My Device ကို Disable လုပ်နိုင်မှာပါ။ နောက် တစ်ခုက Theft Detection Lock ပါ။ ဒီ Feature က Google AI ကို အသုံးပြုထားတာ ဖြစ်ပြီး သူခိုးက သင့်လက်ထဲက ဖုန်းကို လုပြေးတာကို အလိုလို သိကာ ဖုန်းကို Lock လုပ်ပေးပါတယ်။
Ref : theverge

Credit to Digital Times

image