20 w - Translate

AI ကို နူကလီးယား လက်နက်တွေ ပစ်ခတ်ခွင့် မပေးဖို့ အမေရိကန်က တရုတ်နဲ့ ရုရှားကို သတိပေး
=======================================================

AI ဟာ လူသားတွေကို များစွာ အကျိုးပြုနိုင်သလို အန္တရာယ်လည်း ပေးနိုင်ပါတယ်။ AI ကို အသုံးပြုကာ ငွေကြေး လိမ်လည်မှုတွေ ပြုလုပ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ AI ဟာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်ပါတယ်။

နူကလီးယား လက်နက်တွေကို AI ကို ထိန်းချုပ်ခွင့်ပေးထားရင် ကမ္ဘာကြီး ပြာကျသွားနိုင်ပါတယ်။ အဲဒီအတွက် အမေရိကန်က နူကလီးယား လက်နက်တွေကို AI နဲ့ မထိန်းချုပ်ဖို့ တရုတ်နဲ့ ရုရှားကို သတိပေးလိုက်ပါတယ်။ နူကလီးယား လက်နက်တွေကို ပစ်ခတ်ဖို့ AI ကို မဆုံးဖြတ်ခိုင်းတာ ဖြစ်ပါတယ်။ အမေရိကန်က နူကလီးယား လက်နက်တွေကို ပစ်ခတ်ဖို့ လူသားကပဲ ဆုံးဖြတ်စေပါလို့ ပြောပါတယ်။

အမေရိကန်ရဲ့ လက်နက်ထိန်းချုပ်ရေး ဌာနမှ အတွင်းရေးမှူး Paul Dean က “ AI က နူကလီးယား လက်နက်တွေကို ပစ်ခတ်ခွင့် မပေးဖို့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဗြိတိန်နဲ့ ပြင်သစ်ကို အကြောင်းကြားထားပါတယ်။ အခုတော့ တရုတ် နဲ့ ရုရှားကို သတိပေးထားပါတယ်။ “ လို့ ပြောပါတယ်။

သူက “ AI နည်းပညာဟာ စွမ်းရည်မြင့်မားလာနေပြီ ဖြစ်ပေမယ့် အားနည်းချက်တွေ ရှိပါသေးတယ်။ အဲဒီအတွက် နူကလီးယားလက်နက်တွေနဲ့ တွဲဖက် မသုံးသင့်ပါဘူး။ “ လို့ ပြောပါတယ်။

Ref : interestingengineering
Credit to Digital Times

image