20 w - Translate

Piers Morgan နဲ့အင်တာဗျူးမှာ ယူနိုက်တက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး Ronaldo ရဲ့ပြောကြားချက်

🗣️“ကျနော့်အမြင်အရ ယူနိုက်တက်မှာ တိုးတက်မှုက သုညပါပဲ။ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ဆိုရင် ခေတ်နဲ့တပြေးညီလိုက်နေတာလေ။ နည်းပညာပိုင်းတွေ၊ အထူးသဖြင့် လေ့ကျင့်ရေးနဲ့ အစားအသောက်တွေကအစ သေသေချာချာစီမံပေးထားတာ...

လက်ရှိယူနိုက်တက်ရဲ့အခြေအနေက သူတို့နဲ့နှိုင်းယှဉ်ကြည့်ရင် အများကြီးနောက်ကျနေပြီလို့ ကျွန်တော်ထင်တယ်။ ဒါက ကျွန်တော့်အတွက်တော့ အံ့အားသင့်စေတဲ့အရာပါပဲ...

ဒီလိုအသင်းကြီးတစ်သင်းက ကျနော့်အမြင်အရဆို ထိပ်တန်းအဆင့်ကိုရောက်နေရမှာ ဒါပေမယ့် သူတို့က အဲဒီအဆင့်မှာမဟုတ်ဘူး။ လာမယ့်နှစ်တွေမှာတော့ထိပ်တန်းအဆင့်ကို သူတို့ရောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်...

ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်မသိပေမယ့် ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားကတည်းက ကလပ်မှာ တိုးတက်မှုမရှိခဲ့ဘူး။ တိုးတက်မှုက လုံးဝကိုသုညပါပဲ...”

အဲ့အချိန်မှာ Ronaldo ရဲ့အမုန်းခံပြီးထောက်ပြခဲ့တဲ့စကားကို ယူနိုက်တက်ပရိသတ်တချို့က မကျေနပ်ခဲ့ကြပါဘူး။ ဒါပေမယ့် အခုတော့သူ့စကားတိုင်းက အမှန်တရားတွေချည်းပဲဆိုတာ သဘောပေါက်သင့်နေပါပြီ...
Credit to United Zone

image