20 w - Translate

Android 15 ကတော့ ကြမ်းသွားပြီ

ကိုယ့်ရဲ့ဖုန်းကို လမ်းလျှောက်တုန်း သုံးနေမယ် ၊ ဒီအချိန်မှာဗျာ ဖုန်းလုမဲ့သူက လာမယ် လုပြေးမယ် ဆိုရင် Android 15 သုံးထားတဲ့ဖုန်းဆိုရင်(iPhone မပါ) Theft Detection Lock စနစ်တန်းအလုပ်လုပ်မှာပါ

ပြောရရင်ဗျာ ဖုန်းသုံးနေတုန်းဆိုတော့ သူခိုးက ကိုယ့်ဖုန်းကို access ရနေဦးမလားတွေဘာတွေ စိတ်ပူနေစရာမလိုဖူး Auto Lock ဖြစ်သွားမယ်ပြောထားလေရဲ့

ဒီလိုစနစ်ရဖို့ အဓိက လိုသွားတာ AI ပဲ Google ဘက်က ပြောတာကတော့ ဖုန်းရဲ့ Motion ကို Sensor တွေနဲ့ သိနိုင်မှာဖြစ်ပြီး ဒီစနစ်ကို activated ဖြစ်စေဖို့ လုပြေးတာတွေ ဘာတွေကို သိနိုင်အောင် သေချာ train ပေးထားသတဲ့

နောက်တစ်ခုကတော့ Private Space ဆိုတဲ့စနစ်ပဲ ဘာနဲ့တူလဲဆိုရင် Samsung ရဲ့ Secure Folder နဲ့တောင် ခပ်ဆင်ဆင်ပဲ

Private Space ထဲက App တွေကို ဝင်သုံးဖို့အတွက် Passcode/ Biometric တွေလိုမယ် ဒီ App တွေအနေနဲ့ Private Space Lock ချထားမယ်ဆိုရင် ဝင်သုံးရမှာမဟုတ်သလို Notification တွေ ၊ Multitasking တွေမှာလဲ ပေါ်မှာမဟုတ်ဘူး ပြောရရင် ဖုန်းပေါ်ကနေ သီးသန့်ခွဲထုတ်ထားသလိုပဲပေါ့

image