20 w - Translate

အိမ်မှာအလွယ်တကူလုပ်စားလို့ရမယ့် ဒိန်ချဉ်ရေခဲချောင်းပြုလုပ်နည်း

ပိတ်ရက်တွေမှာပဲဖြစ်ဖြစ်၊ အိမ်မှာအပျင်းပြေလုပ်စားလို့ရအောင် ရေခဲချောင်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒိန်ချဉ်ရေခဲချောင်းလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုတော့ City Mart တွေမှာ အလွယ်တကူနဲ့ ၀ယ်ယူလို့ရပါတယ်။

စတော်ဘယ်ရီဒိန်ချဉ်နဲ့ Vanilla ဒိန်ချဉ်တို့ပေါင်းစပ်ထားတဲ့ ဒိန်ချဉ်ရေခဲချောင်းလေး စတင်ပြုလုပ်ဖို့အတွက် စတော်ဘယ်ရီဒိန်ချဉ်ကို ပန်းကန်တစ်ခုထဲထည့်ပြီး၊ Vanilla ဒိန်ချဉ်ကိုလည်း နောက်ထပ်ပန်းကန်တစ်ခုထဲထည့်ပါ။ City Mart တွေမှာရောင်းတဲ့ ဒိန်ချဉ်ဘူးလေးတွေကိုဝယ်လုပ်ပေးရမှာပါ။

စတော်ဘယ်ရီဒိန်ချဉ်ထည့်ထားတဲ့ ပန်းကန်ထဲကို စတော်ဘယ်ရီသီးတွေခြမ်းပြီးထည့်ကာ မွှေပေးပါ။ Vanilla ဒိန်ချဉ်ထည့်ထားတဲ့ပန်းကန်ထဲကိုတော့ အဖြူရောင်ချောကလက်သေးသေးလေးတွေ ထည့်ပြီးမွှေပေးပါ။

နောက်တစ်ဆင့်အနေနဲ့ စတော်ဘယ်ရီဒိန်ချဉ်ဘူးခွံထဲကို စတော်ဘယ်ရီယို တစ်ဇွန်းထည့်ပြီး အပေါ်ကနေ ဝေဖာ (သို့) ဘီစကွတ်လေးတွေကို ချေပြီး တစ်ဇွန်းစာထည့်ပေးပါ။ အပေါ်ကနေမှ Vanilla ဒိန်ချဉ် တစ်ဇွန်းထည့်ပြီး စတော်ဘယ်ရီဒိန်ချဉ် တစ်ဇွန်းထည့်ပါ။ ဘူးမပြည့်မချင်း ဒီလိုပဲအလှည့်ကျစီထည့်ပေးပါ။ ဘူးပြည့်ခါနီးရင်တော့ အပေါ်ကနေ ဝေဖာ (သို့) ဘီစကွတ်လေးတွေကို တစ်ဇွန်းစာထည့်လိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ သူ့အဖုံးလေးနဲ့ပဲပြန်ပိတ်ပြီး တုတ်ချောင်းလေးစိုက်ပေးပါ။ တုတ်ချောင်းမ၀ယ်ချင်ရင် တူကိုသုံးပေးလည်း ရပါတယ်။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီကြာအောင် ထည့်ထားပေးရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ အဖုံးလေးဖွင့်ပြီး တုတ်ချောင်းလေးကိုဆွဲထုတ်လိုက်တာနဲ့ စတော်ဘယ်ရီ ဒိန်ချဉ်နဲ့ Vanilla ဒိန်ချဉ်တို့ပေါင်းစပ်ထားတဲ့ အရသာရှိတဲ့ရေခဲချောင်းလေးကို ရရှိသွားပါပြီ။

image