20 w - Translate

YouTube ကိုအမှီလိုက်နေတဲ့ TikTok

US ကစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာကောင်းအောင် China ကထွက်လာတဲ့ Tech Product တွေ၊ Service တွေက အလှမ်းကျဲတာလည်းပါပါတယ်။ Elon Musk ဆိုလည်း WeChat လိုမျိုး Twitter ကို ဖြစ်စေချင်လို့ အသည်းအသန် Service တွေအများကြီးကို Platform တစ်ခုတည်းအောက်က သွားနိုင်ဖို့ ငွေတွေ ဘီလီယံနဲ့ချီပြီး သုံးနေတာက သာဓကပါ။

ခုလည်း TikTok နဲ့ YouTube Shorts ရဲ့ပွဲမှာ TikTok က တစ်လှမ်းတိုးပြီး မိနစ် ၆၀ (၁ နာရီ) ရှည်တဲ့ ဗွီဒီယိုတွေ Upload လုပ်နိုင်ဖို့အတွက် User တစ်ချို့နဲ့ စမ်းသပ်နေပြီဖြစ်ပါတယ်။​ TikTok စထွက်စဥ်က ၁၅ စက္ကန့်စာ ဗွီဒီယိုတွေပဲ တင်နိုင်ခဲ့ပေမယ့် တစ်ဖြည်းဖြည်းနဲ့ ပိုပြီးကြာတဲ့ ဗွီဒီယိုတွေကို ခုတော့ တင်နိုင်နေပါပြီ။ Content Creator တွေအနေနဲ့ Video တွေကို ခွဲခွဲပြီး တင်နေရတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် ဒီလိုမျိုး Feature တွေကို Update လုပ်နေတာဖြစ်ကြောင်း TikTok ဖက်ကတော့ ပြောထားပါတယ်။

တစ်ကယ်လို့သာ TikTok Users တိုင်း 60 Mins Video တင်နိုင်လာတယ်ဆိုရင် မြန်မာနိုင်ငံမှာ TikTok နဲ့ Telegram ဆိုပြီး ရုပ်ရှင် Link တောင်းတဲ့ ကိစ္စလည်း ဖြစ်လာဖို့ရှိနေပါတယ်။ ၁ နာရီအောက် video တွေဆိုရင် TikTok မှာတင်ပြီး View နဲ့ ပိုက်ဆံရှာတဲ့အကွက်တွေလည်း ရှိလာနိုင်ပါတယ်။

#akhayartech

image