20 w - Translate

iOS 17.5 တင်ပြီးနောက် ဖျက်ထားတဲ့ပုံတွေ ဖုန်းထဲပြန်ပေါ်လာ

iPhone ထဲက ပုံတွေဟာ Photos ထဲက ဖျက်လိုက်ရင် Recent Deleted ထဲကိုရောက်သွားပြီး ရက် ၃၀ ကြာတဲ့အခါ ပုံတွေက Permanent Delete ဖြစ်သွားတာဟာ ထုံးစံပါ။ ဒါပေမယ့် iOS 17.5 တင်ပြီးတဲ့နောက်မှာတော့ ဖျက်ထားတာ တော်တော်လေး ကြာပြီဖြစ်တဲ့ပုံတွေ ပြန်ပေါ်လာတယ်လို့ iPhone User တွေက Reddit မှာ ပွဲဆူနေပါတယ်။

User တစ်ယောက်ဆိုရင် သူရဲ့ iPad ကို Data တွေအကုန် Wipe လုပ်လိုက်ပြီးတဲ့နောက် သူငယ်ချင်းကို ပေးသုံးထားခဲ့ရာမှာ ခု Update မှာတော့ သူ့ရဲ့ Private ပုံတွေပါ ပြန်ပေါ်လာတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုမှာတော့ ပုံတွေတင်မဟုတ်ပဲ ဖျက်ထားတဲ့ Voicemail တွေပါ ပြန်ပေါ်တဲ့အဖြစ်တွေ ပါဝင်နေတာပါ။

တစ်ကယ်လို့ ဒီကိစ္စသာ ဒါ့ထက်ပိုကြီးလာရင် Apple အနေနဲ့ User တွေရဲ့ Data တွေကို တရားမဝင်သိမ်းထားသလားဆိုတဲ့ မေးခွန်းက သေချာပေါက်မေးစရာဖြစ်လာပါပြီ။ တစ်ကယ်တော့ 17.5 ကို Beta Test မှာကတည်းက Tester တွေက ပုံဟောင်းတွေ ပြန်ပေါ်လာတယ်လို့ ကွန်ပလိန်းတက်နေတာတွေ ရှိပြီးသားပါ။ Apple အနေနဲ့ ဒီကိစ္စကို Update ထုတ်ပြီး ပြုပြင်ပေးမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အခရာရဲ့ ဘော်ဒါတွေလည်း 17.5 တင်ပြီးသွားရင် ဖျက်ထားတဲ့ Old Memo Photos ပုံတွေပြန်ပေါ်လာသလား စစ်ကြည့်ကြပါဦး။

image