X (Twitter) CEO ရာထူးကနေ Linda Yaccarino နုတ်ထွက်၊ Grok AI ပြဿနာကြောင့်လား ?
Elon Musk ရဲ့ လူမှုကွန်ရက် X (ယခင် Twitter) ကို ဦးဆောင်ခဲ့တဲ့ CEO Linda Yaccarino ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။ ဒီနုတ်ထွက်မှုဟာ X ရဲ့ AI ဖြစ်တဲ့ Grok က အမုန်းစကားတွေ ရေးသားခဲ့တဲ့ ပြဿနာကြီးဖြစ်ပွားပြီး မကြာခင်မှာ ထွက်ပေါ်လာတာကြောင့် ဆက်စပ်မှုရှိနိုင်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ကြော်ငြာလုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Linda ဟာ ကုမ္ပဏီအပေါ် ယုံကြည်မှုနဲ့ ဝင်ငွေပြန်တက်လာအောင် လုပ်ဆောင်ဖို့ ခန့်အပ်ခံခဲ့ရတာပါ။ သူမလက်ထက်မှာ ကြော်ငြာရှင်တွေနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် ကြိုးစားခဲ့ပေမဲ့ Elon Musk ရဲ့ ထိန်းချုပ်ရခက်တဲ့ ပုံစံကြောင့် အမြဲတမ်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သုံးသပ်ကြပါတယ်။
သူမရဲ့ နုတ်ထွက်စာမှာတော့ တိကျတဲ့အကြောင်းပြချက်ကို မပြောဘဲ၊ ကုမ္ပဏီရဲ့တိုးတက်မှုအတွက် ဂုဏ်ယူကြောင်းနဲ့ Musk ကို ကျေးဇူးတင်ကြောင်းသာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနုတ်ထွက်မှုဟာ Grok AI ပြဿနာကြောင့် ကြော်ငြာရှင်တွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ပိုခက်ခဲသွားနိုင်တဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။
လေ့လာသူအချို့ကတော့ သူမဟာ "ကျရှုံးဖို့အတွက် အစကတည်းက ပြင်ဆင်ခံထားရသူ" သက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ X ဟာ Musk ရဲ့ AI ကုမ္ပဏီဖြစ်တဲ့ xAI နဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး အနာဂတ်ခရီးလမ်းကို ဘယ်လိုဆက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
