1 ရက် - ဘာသာပြန်ပါ။

Bitcoin လောကကို တုန်လှုပ်စေခဲ့တဲ့ wallet ၈ ခု လွှဲပြောင်းမှု

ဒီတစ်ပတ် Crypto အသိုင်းအဝိုင်းကို ရှော့ခ်ရစေတာက Bitcoin ဈေးမဟုတ်ပါဘူး။

၁၄ နှစ်ကျော် ငြိမ်နေတဲ့ wallets ၈ ခု ပထမဆုံးအကြိမ် wallet သစ်ကို transfer လုပ်လာတဲ့ ကိစ္စပါ။ ၂၀၁၁ ကတည်းက စပြီး အရောင်းအဝယ်မလုပ်ဘဲ ဥထားလို့ ဒီ wallet တွေကို sleeping wallet တွေလို့ ခေါ်ကြပါတယ်။ wallet ၈ ခုပေါင်း 80009 BTC ပါပြီး တန်ကြေးအရ ဒေါ်လာ ၈.၆၉ ဘီလျံ ရှိပါတယ်။

အရင်ဆုံး စုစုပေါင်း BTC 40000 ပါတဲ့ wallet ၄ ခု စလွှဲပါတယ်။ wallet တစ်ခုချင်းစီရဲ့တန်ဖိုးက ဒေါ်လာ ၁ ဘီလျံ ကျော်ပါတယ်။ ရွှေတန်ချိန်ပေါင်းများစွာ တန်ပါတယ်။ wallet ၄ ခု ထွက်သွားပြီးနောက်မှ BTC 10000 စီ ရှိတဲ့ wallet နှစ်ခု transfer ဖြစ်ပါတယ်။ နောက်ဆုံး wallet ၂ ခု ထွက်ပြီးနောက်မှ ဒီလွှဲပြောင်းတဲ့ကိစ္စ ပြီးသွားတာပါ။

ဒီ Bitcoin အကုန်လုံးက ဆာတိုရှီခေတ်လို့ ခေါ်တဲ့ (၂၀၀၉-၂၀၁၁) ကတည်းက ရှိထားတာပါ။ အဲ့ဒီအချိန်တုန်းကတော့ coin တစ်ခုကို ၁ ဒေါ်လာတောင် မရှိပါဘူး။ ၀.၇၈ ဒေါ်လာနဲ့ အမြင့်ဆုံး ၃.၃၇ ဒေါ်လာအကြားပဲ ရှိခဲ့တာပါ။ အခုက 1BTC ကို ဒေါ်လာ ၁ သိန်းကျော် ဖြစ်နေပါပြီ။ ဒီ wallet တွေနဲ့ တစ်ခေတ်တည်း နောက် wallet ၄ ခုကတော့ inactive ဖြစ်နေတုန်းပါပဲ။

၉ ဘီလျံနီးနီးတန် BTC တွေ ဘယ်အဖွဲ့က လာတာလဲ။ ဘယ်သူတွေ ပိုင်တာလဲ။ ဘာလို့ ရုတ်တရပ်ကြီး အခုလို ရွှေ့နေကြတာလဲ။ Bitcoin ကို ပြန်ချိန်ညှိနေကြတာလား။ ပိုကြီးတဲ့ ဂယက်တွေ ရှိလာနိုင်လားဆိုပြီး ပွက်လောတွေ ရိုက်နေပါတယ်။

Bitcoin Wallet တွေအကြောင်း သတင်းတွေ သို့လောသို့လော ဖြစ်နေချိန် America Party ဆိုတဲ့ နိုင်ငံရေးပါတီကို ထောင်တဲ့ သူဌေးကြီးအီလွန်မတ်စ်ကတော့ "အစိုးရထုတ် ငွေကြေး (Fiat currency) က မျှော်လင့်ချက်မဲ့နေပြီ" လို့ ပြောပြီး သူ့ပါတီက BTC ကို လက်ခံကျင့်သုံးမယ်လို့ ပြောနေပါတယ်။

image