2 d - Translate

လမ်းဘေးခွေးလေးတွေဟာ သက်တမ်းဘယ်လောက်ပဲ ရှင်သန်ခွင့်ရတာကို သင်သိပါသလား?

လမ်းဘေးခွေးလေးများရဲ့ သက်တမ်းကို အကျဉ်းချုပ် ဖော်ပြပေးပါမယ်။

လမ်းဘေးခွေးလေးတွေဟာ များသောအားဖြင့် ပျမ်းမျှသက်တမ်း ၃နှစ် မှ ၅နှစ်၊ အများဆုံး ၇နှစ် အတွင်းသာ ရှင်သန်နိုင်ကြပါတယ်။

အိမ်မွေးခွေးလေးတွေကတော့ ၁၀နှစ်က‌နေ ၁၅ နှစ်ထိရှင်သန်နိုင်ကြပါတယ်။

ဒါကြောင့် လမ်းဘေးခွေးလေးတွေရဲ့ သက်တမ်းဟာ အိမ်မွေးခွေးလေးတွေရဲ့ သက်တမ်းနဲ့ ယှဉ်ရင် သိသိသာသာကို တိုတောင်းပါတယ်။

⚠️ အဓိကသေဆုံးရတဲ့အကြောင်းအရင်းတွေကတော့

➡️ မတော်တဆမှုများ

လမ်းဘေးမှာနေထိုင်ရတဲ့ ခွေးလေးတွေအဖို့ ယာဉ်တိုက်မှုများက အဓိကသေဆုံးစေပါတယ်။

➡️ ရောဂါများ

ကာကွယ်ဆေးထိုးပေးတာမျိုး မရှိတဲ့အတွက် ခွေးရူးပြန်၊ ဝမ်းလျှော၊ အရေပြားရောဂါများဟာ အလွယ်တကူပဲ ဖြစ်ပွားပြီး ရောဂါပြင်းထန်တဲ့အခါ သေဆုံးကြရပါတယ်။

➡️ အာဟာရချို့တဲ့ခြင်း

ဒါ့အပြင့် မစင်နှင့် ညစ်ညမ်းအစာများ စားရခြင်းကြောင့် ကပ်ပါးများ၀င်လွယ်ကာ ကူးစက်ရောဂါ ခံစားကြရပြီး သေဆုံးကြရပါတယ်။

➡️ သဘာ၀နဲ့ လူများ

နေစရာအမိုးအကာ ရှားပါးမှုကြောင့် ရာသီဥတုဒဏ် (မိုး၊ အပူ)များကိုလည်း သာမန်ထက်ပိုခံစားကြရပါတယ်။

➡️ ဒါ့အပြင့် လူများကြောင့်ရသော ထိခိုက်ဒါဏ်ရာများကလည်း သေဆုံးသည်အထိ ဆိုးရွားတတ်ပါတယ်။

ဒါကြောင့် လမ်းဘေးခွေးလေးတွေဟာ သာမန်အိမ်မွေးခွေးလေးတွေထက် သက်တမ်းပိုတိုကြပါတယ်။

သင်ရော အစာကျွေးနေကျ လမ်းဘေးခွေးလေးကို ရုတ်တရက်မတွေ့
တော့တာမျိုး ကြုံဖူးသလား။

ကြုံလာတဲ့အခါ ပြုတဲ့ကုသိုလ်အမျှပေးဝေပေးလိုက်ပါ။