20 w - Translate

ဖောက်ပြန်မှုတစ်ခုမှာ ဖောက်ပြန်ခံရသူက နစ်နာသူပါနော်
အဲ့ဒါကြောင့် ဖောက်ပြန်ခံရသူကို အပြစ်သားလို လာမပြောပါနဲ့

ကိုယ့်အပေါ်မကောင်းလို့၊ သည်းမခံနိုင်တော့လို့၊ မနွေးထွေးလို့၊ ဂရုမစိုက်လို့၊ လိုအပ်ချက်တွေရှိလို့၊ ကလေးမရနိုင်လို့ဆိုတဲ့အကြောင်းပြချက်တွေပေးပြီး ဖောက်ပြန်မှုကို ချီးပုံထန်းပလျက်နဲ့ကာသလို လာမကာပါနဲ့

ကိုယ့်အပေါ်မကောင်းဘူးထင်ရင် လမ်းခွဲပါ
သည်းမခံနိုင်တော့ရင် လမ်းခွဲပါ
မနွေးထွေးဘူး ဂရုမစိုက်ဘူးထင်ရင် လမ်းခွဲပါ
လိုအပ်ချက်တွေ ဖြည့်မရဘူးထင်ရင် လမ်းခွဲပါ
ကလေးမရနိုင်ရင် လမ်းခွဲလိုက်ပါ

လမ်းခွဲပြီး‌တဲ့နောက်
ကိုယ့်အပေါ်ကောင်းမယ့်သူ
နွေးထွေးပြီး ဂရုစိုက်ကြင်နာမယ့်သူ
လိုအပ်ချက်မရှိတဲ့သူ
ကလေးမွေးပေးနိုင်တဲ့သူကို ရှာလို့ရပါတယ်နော်

ကိုယ့်ဘာကိုယ် ကိုယ်ကျင့်တရားမစောင့်ထိန်းဘဲ ဖောက်ပြန်ပြီးခါမှ နင်ငါ့ကို ဂရုမစိုက်လို့ မနွေးထွေးခဲ့လို့ သည်းမခံနိုင်တော့လို့ဆိုတဲ့ အကြောင်းပြချက်တွေ လာပေးပြီး ဖောက်ပြန်ခံရသူကပဲ အပြစ်ရှိသူတစ်ယောက်လို လာမပြောပါနဲ့

မလိုချင်ရင် စွန့်ပစ်ပိုင်ခွင့်ရှိပါတယ်
ဖောက်ပြန်ခွင့်တော့ မရှိဘူး

image