20 w - Translate

နွေလယ်မှာပွင့်တဲ့ ကံ့ကော်နဲ့ပိတောက်တွေကို
တွေ့ကြလား...ပြီးတော့ သတိထားမိလားဟင်
ကံ့ကော်ရဲ့ရနံ့လေးက
ချိုချိုအေးအေး မွှေးမွှေးလေးနဲ့...
ပိတောက်ရနံ့လေးကျတော့
ခါးသက်သက်နဲ့ ပြင်းပြတဲ့မွှေးရနံ့လေးပေါ့...
ဘယ်လိုကွာသွားတာလဲဆိုတော့ ဝေးကွာသွားတာလေးတစ်ခုပါပဲ...
သူလည်း သူ့ဘဝလေးနဲ့ နေလို့ထိုင်လို့အဆင်ပြေပြေလေးပဲရှိနေမယ်ထင်ပါရဲ့...
အတူလျှောက်လှမ်းလာရင်းနဲ့ ခွဲခွာခဲ့ရတဲ့ဘဝတွေ
အများကြီးရင်းနှီးခဲ့ပြီးမှ တစိမ်းဆန်သွားရတဲ့
ဆက်ဆံရေးတစ်ခုမို့လေ...
နွေကတော့ ပန်းရနံ့တွေနဲ့မွှေးပါတယ်
ဘယ်တော့မှပြန်မဆုံနိုင်လောက်တဲ့အထိပေါ့...။

image