20 w - Translate

#တက်ကျထိုင်

ရွှေစျေး၊ဒေါ်လာစျေးဟာ ထိုးတက်သွားလိုက်ပြီးရင်နည်းနည်းစျေးပြန်ကျသွားလိုက်ပြီးရင် စျေးအမြင့်မှာထိုင်ပြီး ကာလတခုကြာစျေးအီနေပြီးနောက်တခါ ထိုးအတက်ကိုစောင့်နေလိုက်နဲ့ လုပ်နေတာ သုံးနှစ်ကျော်လာပြီ။ ခုကြားရသလောက်တော့ ရွှေက သိန်းငါးဆယ်နဲ့ ဒေါ်လာက လေးထောင်ကျော်တက်လာပါတယ်။ ဒီတခါတော့ ပြန်မဆင်းတော့ပဲ လေးထောင်မှာထိုင်နေမဲ့သဘော နောက်တခါထပ်ထောင်ပြီးတက်ဘို့ ပြင်နေမဲ့သဘောလို့ထင်မိတယ်။ အဓိက ကတော့ စစ်မှုထမ်းဥပဒေကြောင့် ဝယ်လိုအားဟာ တသမတ်တည်း ထိုးတက်နေတာကြောင့်ဖြစ်မယ်လို့သုံးသပ်မိပါတယ်။