20 w - Translate

Social Media Post တွေ upload လုပ်ဖို့ အကောင်းဆုံးအချိန်များ

အခုနောက်ပိုင်းက Social Media အသုံးများလာတာကြောင့် Social Media Platform တွေမှာ ကိုယ်ပ်ိုင် Personal Page၊ အလုပ်အတွက် Page ဖွင့်တာမျိုးတွေနဲ့ Digital ပိုင်းမှာ အားစိုက်လာကြပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ page ဒါမှမဟုတ် Account , Website တွေမှာ ကိုယ်တင်လိုက်တဲ့ Post ကို Engagement ကောင်းအောင် လုပ်ဖို့ သတိထားရမယ့် အချက်တွေရှိပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ လက်ရှိ လူသုံးများတဲ့ Social Media Platform (၃) ခုမှာ Post တွေတင်ဖို့ အကောင်းဆုံးအချိန်တွေကို ဖော်ပြပေးသွားမှာပါ။
1. နံပါတ်တစ် လူသုံးအများဆုံး Social Media Platform ဖြစ်တဲ့ Facebook မှာတော့ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ Post တွေတင်တဲ့အခါ Engagement ကောင်းပြီး အချိန်အတိအကျဆိုရင်တော့ မနက် ၉ နာရီမှ ၁၁ နာရီအတွင်း နဲ့ နေ့လည် ၁၂ နာရီမှ ၁ နာရီအတွင်း ဖြစ်ပါတယ်။ Facebook မှာဆိုရင် Weekend တွေမှာ post တင်ရင်လည်း အကောင်းဆုံးအချိန်လို့ ပြောကြပါတယ်။

2. ဒုတိယအနေနဲ့ Instagram မှာ Post တင်လို့ကောင်းတဲ့ အချိန်တွေကတော့ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေဖြစ်ပြီး Monday to Friday တစ်ပတ်လုံးဆိုလည်း အဆင်ပြေပါတယ်တဲ့။ အချိန်တွေကတော့ မနက် ၉ နာရီ ကနေ ၁၀ နာရီအတွင်း ဖြစ်ပါတယ်။

3. ကလေးအရွယ်ကစလို့ လူငယ် လူကြီး အရွယ်သုံးပါးမရွေးသုံးကြတဲ့ TikTok မှာဆိုရင် Post တင်လို့ကောင်းတဲ့ အချိန်တွေကတော့ Monday to Friday ပဲဖြစ်ပါတယ်။ နေ့လည် ၁၂ နာရီကနေ ၃ နာရီအတွင်း၊ ညနေ ၆ နာရီကနေ ည ၁၀ နာရီအတွင်း တင်တဲ့ Post တွေက သာမန်အချိန်တင်တဲ့ Post တွေထက် ပိုပြီး Engagement ကောင်းတာကိုတွေ့ရပါတယ်။

Social media platform အများစုရဲ့ post တင်ဖို့ အကောင်းဆုံးရက်တွေကတော့ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေဖြစ်ပြီး အချိန်တွေကတော့ မနက် ၈ နာရီ, နေ့လည် ၃ နာရီ နဲ့ ည ၇ နာရီဆိုပြီးတော့လည်း
တွေ့ရှိရပါတယ်။

ဒီအချိန်တွေကတော့ ၂၀၂၄ ခုနှစ်အတွက် Social Media အသုံးပြုသူများတဲ့ အချိန်ပေါ်မူတည်ပြီး ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ Platform နဲ့ Audience အပေါ်မူတည်ပြီးတော့လည်း Engagement ကောင်းမကောင်းကို ဆုံးဖြတ်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဖော်ပြထားတဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ Page ဒါမှမဟုတ် Account မှာ တစ်ချက်လောက် စမ်းသပ်ပြောင်းလဲကြည့်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။

image