20 w - Translate

The Happening နဲ့ Split ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့
ဒါရိုက်တာ M. Night Shyamalan ရဲ့ရုပ်ရှင်အသစ်
Trap 2024 က တော်တော်ကို စိတ်၀င်စားဖို့
ကောင်းပါတယ်။
ဒီဇာတ်လမ်းမှာဆိုရင် "Cooper"ဆိုတဲ့ အမျိုးသားက
သူ့သမီးလေး အရမ်းကြိုက်တဲ့ အဆိုတော်ရဲ့
ရှိုးပွဲကို အတူသွားရောက် အားပေးကြရာက‌နေ
စတင်ထားပါတယ်။
နောက်တော့ Cooper ဟာ သူ့သမီးကို ရှိုးပွဲအလယ်မှာ
ခနလေးထားခဲ့ပြီး သန့်စင်ခန်းကို သွားနေချိန်
ရှိုးပွဲရဲ့ အ‌ဆောက်ဦးအပြင်ဘက်မှာ ရဲကားတွေ
အများကြီး ရောက်ရှိနေပြီး လ/က်နက်တွေနဲ့
တားဆီး ဝန်းရံထားတာကို တွေ့လိုက်ရပါတယ်။
သူကလည်း ဒါဘာတွေဖြစ်နေတာလဲဆိုတာ
သိချင်လာလို့ လုံခြုံရေးကို မေးလိုက်တဲ့အခါမှာ
ထိုလူ ပြန်ပြောတာက ဒီရှိုးပွဲကြီး တစ်ခုလုံးဟာ
ထောင်ချောက်ကြီး တစ်ခုသာဖြစ်ပြီး ရှိုးပွဲထဲမှာ
ရောက်နေတဲ့ ကွင်းဆက် လူ*Tတ်သမားတစ်ဦးကို
ဖမ်းဖို့ လျှို့ဝှက် စီစဉ်ထားကြတယ်ဆိုတာကို
သိလိုက်ရပါတော့တယ်။
Cooper လည်း အရမ်းစိတ်ပူသွားပြီး သူ့သမီးလေးဆီ
အမြန်ပြန်သွားကာ ဒီရှိုးပွဲထဲကနေ ထွက်နိုင်ဖို့
မရမက ကြိုးစားပါတော့တယ်။
အကြောင်းကတော့ သူကိုယ်တိုင်ကိုက
ရဲတွေအလိုရှိနေတဲ့ ကွင်းဆက် လူ*Tတ်သမား
ဖြစ်နေလို့ပါပဲ။
ဒါပေမဲ့ ဒီဇာတ်လမ်းက Trailer မှာ ပြထားသလို
ရိုးရှင်းဦးမှာ မဟုတ်ပါဘူး ဒါရိုက်တာ
M. Night Shyamalan ကလည်း ဒီလိုရိုးရှင်းတဲ့
ဇာတ်မျိုး လုပ်မှာမဟုတ်ပါဘူး Plot twist
‌ကြီးကြီးမားမားတစ်ခု ပါနေပါသေးတယ်။
ရုပ်ရှင်ထွက်လာမှာပဲ ကြည့်ကြရအောင်ပါ။
Movie Name : Trap 2024
Release date : ( Cinema ) August 2024
#h4 #thrillermovienews

image