20 w - Translate

ပိုကြမ်းလာတော့မလား MLBB ရေ

ByteDance က အသစ်ခန့်အပ်လိုက်တဲ့ Moontoon CEO အသစ်

Moontoon ဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဂိမ်းလို့ပြောလို့ရတဲ့ Mobile Legends ရဲ့ မိခင်ကုမ္ပဏီပါ။ ByteDance ဆိုတာကတော့ TikTok တို့၊ Moontoon တို့ကိုပိုင်တဲ့ ကုမ္ပဏီအကြီးကြီးပါ။
လွန်ခဲ့တဲ့လတွေတုန်းက ByteDance အနေနဲ့ Mobile Legend ကိုတစ်ခြား ကုမ္ပဏီတွေကို ရောင်းချဖို့ စဥ်းစားခဲ့ပေမယ့် အခုချိန်မှာတော့ Zhang Yunfan ကို CEO အနေနဲ့ခန့်အပ်ပြီး Business Model အသစ်တွေနဲ့ ပြောင်းလဲဆောင်ရွက်သွားဖို့ စဥ်းစားနေပြီလို့သိရပါတယ်။ Zhang Yunfan ဟာလည်း ခေသူတော့မဟုတ်ပါဘူး။ အရင်တုန်းက Tencent လို့ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ဖူးပြီး တရုတ် Dota2 Version ဂိမ်းတစ်ခုကိုလည်း ဖန်တီးဖို့ ကြံရွယ်ခဲ့ဖူးသူပါ။
သတင်းတွေအရ အရင်နှစ်ကုန်ပိုင်းမှာ ByteDance အနေနဲ့ Video Game ဈေးကွက်ကို အားလျော့ပြီး TikTok နဲ့ DouYin ကို အသားပေးပြီး ဈေးကွက်မြှင့်တင်ဖို့ ကြိုးစားလိုတာကြောင့် ခုလိုရောင်းချဖို့ အသံတွေထွက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့နဲ့နှစ်ကုန်ပိုင်းက တရုတ်သတင်းတွေမှာ ByteDance ပိုင်တစ်ချို့ Game Studio တွေကို ပိတ်သိမ်းပြီး Public ကို ထုတ်မပြရသေးတဲ့ Game ၂ ခု ကိုရောင်းစားမယ်လို့ သတင်းတွေထွက်လာခဲ့ပါသေးတယ်။ အဲ့နောက်ပိုင်းမှာ Moontoon ကိုဝယ်ယူလိုတဲ့ US က ကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုတွေရှိခဲ့ပြီး US Dollar 4 Billion ထိတန်ကြေးရှိခဲ့ပါတယ်။
နိုဝင်ဘာလတုန်းက ကုမ္ပဏီတွင်းပြန့်ခဲ့တဲ့ သတင်းတွေအရ ByteDance အနေနဲ့ ဝန်ထမ်းလျော့တာတွေ၊ ဂိမ်းတွေကို ရောင်းစားတာတွေလုပ်နေခဲ့ပြီး Moontoon ကိုလည်း ရောင်းစားမယ်လို့ သတင်းတွေထွက်လာတဲ့အခါ CEO က မစိုးရိမ်ဖို့နဲ့ Moontoon ကိုသီးခြားရပ်တည်ပြီး ဆက်လက်လည်ပတ်သွားနိုင်အောင် ကြိုးစားမယ်လို့ ကတိပေးခဲ့ပါသေးတယ်။
Data တွေအရတော့ MLBB ဟာ တရုတ်နိုင်ငံရဲ့ ၈ ခုမြောက် အအောင်မြင်ဆုံးနဲ့ အမြတ်ရအများဆုံးဂိမ်းအဖြစ် စံချိန်တင်ထားပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးအနေနဲ့လည်း Saudi Arabia မှာကျင်းပခဲ့တဲ့ Esports World Cup မှာလည်း PUBG နဲ့အတူတူ စိတ်ဝင်စားမှုခံရတဲ့ ဂိမ်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
Credit to Akhayar Tech

image