20 w - Translate

လျှပ်စစ်ကားနဲ့ ကမ္ဘာ့ တစ်ပတ်ပတ်ပြီး ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ အသက် ၂၅ နှစ် အရွယ်အမျိုးသမီး
=====================================================
စွန့်စား ခရီးသွားရတာ ဝါသနာပါတဲ့ လစ်ဇီအဲလ်ဖို့ဒ် ဆိုသူ အမျိုးသမီးဟာ အသက် ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာ့ပတ်ဖို့ စိတ်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ ကမ္ဘာပတ်နိုင်တဲ အသက်အငယ်ဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အသက် ၂၅ နှစ်အရွယ်မှာ လျှပ်စစ်ကားနဲ့ ကမ္ဘာပတ်နိုင်တဲ့ စံချိန်ကိုပါ တင်နိုင်ခဲ့ပါတယ်။
သူမဟာ Ford Explorer လျှပ်စစ်ကားနဲ့ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းပြီး ကမ္ဘာပတ်ခဲ့တာပါ။ အကွာအဝေးအားဖြင့် ကီလိုမီတာ ၃,၀၀၀ ကျော် ရှိပါတယ်။ သူမဟာ အဲဒီ ခရီးစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတော့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
သူမ ကမ္ဘာပတ်ခဲ့တဲ့ ခရီးစဉ်မှာ လျှပ်စစ်ကား အားသွင်းစက် မရှိတဲ့ နိုင်ငံတွေလည်း ပါတဲ့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါ့အပြင် လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် သူမဟာ အောင်မြင်စွာ ကမ္ဘာပတ်နိုင်တဲ့အတွက် အာဂအမျိုးသမီးလို့ ခေါ်ဆိုထိုက်ပါတယ်။
Ref : theverge
Credit to Digital Times

image
image
image