20 w - Translate

အိမ် တစ် အိမ် ရဲ့ နောက်ဖေးမီးဖိုချောင်
မီးဖိုချောင် အကြောင်း ဖွဲ့နွဲ့ ပြောရရင်….

မိုးဖိုချောင်ကနေ ပိုက်ဆံ အများဆုံး ထွက်တယ်။
ဒီမီးဖိုချောင်က‌ နေပဲ ပိုက်ဆံတွေ စုမိတယ်။

ပြီးရင် ကျန်းမာရေးကို အထောက်အကူ ပြုတာလဲ မီးဖိုချောင်ပဲ။
ကျန်းမာရေး အထောက်အကူ မပြုတာလဲ ဒီမီးဖိုချောင်ပါပဲ။

တကယ်တမ်းပြောရရင် မီးဖိုချောင်က လှပ ခန်းနားနေစရာ မလိုပါဘူး။ သန်းရှင်းသပ်ရပ်နေဖို့ပဲ လိုတယ်။
အိမ်မီးဖိုချောင်မှာ ပိုးဟပ်‌ တွေ ၊ ကြွက်တွေ ၊ မှိုတက်နေတဲ့ အစာတွေ ၊
မှိုတတ်နေတဲ့ ဟင်းခပ် အမွှေး အကြိုင်တွေ၊
ပလုံစုံနေတဲ့ အထုပ်မွစိတွေ၊
ကြွပ်ကြွတ်အိတ်တွေ နဲ့ ဆိုရင် အစားကြောင့် ကျန်းမာ ဖို္ထက် အစားကြောင့် အဆိပ်ဖြစ်ဖို့ Chance က ပိုများတယ်။

ပြီးရင် အစားဘယ်လောက်ကြိုက်တယ်ပြောပြော အစားအသောက်ကို မလေးစားရာရောက်တယ်။

အိမ်မှာ နေ့တဓူဝ သုံးနေတဲ ပစ္စည်းသုံးအဆောင်တွေ
(ရေနွေးအိုးတွေ ထမင်းပေါင်းအိုးတွေ ပေါင်မုန့်ကင်စက်တွေ) ကတော့ အမြဲ သန့်ရှင်းနေဖို့ အရေးအကြီးဆုံးပါပဲ။

သုံးနေကျ မြင်နေကျ ဆိုတော့ သတိမထားမိတာ‌တွေ ဖြစ်တတ်တယ်လေ။

ဆားဗူး ၊ ဆနွင်းဗူး လေးတွေ က ကော်ဗူးနဲ့ ထည့်လို့ ညစ်ပတ်လွယ်တယ်ထင်ရင် ဖန်ဗူးနဲ့ ပြောင်းထည့်ကြမယ်။

ပြီးတော့ အဲလို အမှုမဲ့ အမှတ်မဲ့လေးတွေက တစ်အိမ်သားလုံး ကို ကိုယ်ကျန်းမာရေး‌ေရာ၊ စိတ်ကျန်းမာရေးပါ ကျဆင်းစေတတ်တယ် ။

ဒါကြောင့် မီးဖိုချောင်မှာ လိုအပ်တဲ့ပစ္စည်းတွေအတွက် ပိုက်ဆံသုံးဖို့ မနှမြောစေချင်ဘူး။
ဘတ်တီးရီယား အများဆုံးက မီးဖိုချောင် ဆိုတော့လေ
Cleaning chemical လေးတွေကို ကပ်စီးမနဲပဲ ဝယ်သုံးကြပါ။
(လက်သုပ်ပါဝါ တွေကို လက်သုတ်၊ပါးစပ်သုတ်၊ တစ်မိသားစုလုံး တစ်ခုထဲကို ဝိုင်းသုတ် တာတွေကို ရှောင်ကြဉ် သင့် ပါတယ်)

Asian နိုင်ငံတွေ တော် တော် များများမှာ ဆိုရင်
မီးဖိုချောင် က အိမ်ရှင်မတွေ ပဲ ကိုင်လေ့ရှိပါတယ်။

အိမ် အကူလေးတွေ လဲ ခေါ်တတ်ကြတော့ တော်တော်များများကို အိမ် အကူတွေကိုပဲ လွဲထားတတ်ကြတာ များတယ်။
အဲ့တော့ ဘယ်ပစ္စည်းလေးကို ဘယ်လိုသိမ်းမယ်ဆိုတဲ့ creative mind က တစ်ချို့ အိမ်ရှင်မလေးတွေဆီမှာ ရှိမနေတော့ဘူး။

အစားအသောက်နဲ့ ပက်သတ်တာလေးတွေကို လေ့လာထားရင် မလေလွင့်သင့်တာမလေလွင့်တော့ဘူး

ဥပမာ- အအေးခန်းထဲမှာ မထည့်သင့်တာတွေကို မထည့်သိမ်းမိဖို့ ၊ ထည့်သိမ်းသင့်တာတွေကို အစီအစဉ်တကျလေး သိမ်းတတ်ဖို့..

မိသားစု ကျန်းမာရေးလဲ ဂရုစိုက်ရာ ရောက်တာပေါ့။

အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ကျန်းမာရေး ချွတ်ယွင်းပြီး ဆိုတာတဲ့ ငွေ မလိုက်နိုင်လောက်အောင် ဒုက္ခ များကြတယ်။

Prevention is better than cure တဲ့

အနောက်နိုင်ငံတွေမှာဆိုရင်တော့ လင်ရော မယားရော မီးဖိုချောင်ကို အုပ်စိုးကြတာ များတယ်။

နှစ်ယောက်လုံးကလဲ ပိုက်ဆံ တန်းတူ ရှာကြတယ် တန်းတူ ချက်ပြုတ် သန့်ရှင်းရေးလုပ်ကြရတာဆိုတော့ လူအများစုရဲ့ မီးဖိုချောင် က အမြဲလိုလို သန့်ရှင်းနေတတ်တယ်။

ပြီးတော့ အလုပ်ခွင်တွေကပါ ချက်ပြုတ်နည်းသင်တန်း ၊ မီးဖိုချောင် နဲ့ ပက်သက်တဲ့ သင်တန်းတွေကို stress release အနေနဲ့ မကြာခဏ လေ့လာရေး ခရီးလေးတွေ လုပ်ပေးကြတယ်။
အဲဒီတော့ မှ ကျန်းမာပျော်ရွှင်ပီး positive thinking တွေဖြစ်လို့ အလုပ်မှာ productive ဖြစ်တယ်လို့ လက်ခံလာကြပြီ။

ခုခေတ် ကုန်စျေးနှုန်းနဲ့ အပြင်က ချည်းဝယ်စားနေရင်လဲ financially အတော်ထိခိုက် စေတဲ့အပြင် healthy မဖြစ်ဘူးဆိုတာ နောက်ပိုင်း သိလာကြတယ်။

အဲဒါကြောင့် ဟင်းချက်ဝါသနာ မပါသူတွေတောင် လွယ်ကူမြန်ဆန်တဲ့ ဟင်းချက်နည်း စာအုပ်တွေ၊ သင်တန်းတွေတက်ပြီး healthy lifestyle ကို ဖန်တီးယူနေကြပြီ။

ဟိုတနေ့ကတင် Catherine Zeta-Jones ရဲ့ interview လေး ကြည့်လိုက်ရတယ်။
Breakfast တွေ lunch တွေကို သူကိုယ်တိုင်ဖန်တီး ချက်ပြုတ် သန့်ရှင်းရေးလုပ်တယ်တဲ့။

ဖြစ်နိုင်ပါတယ် အနောက်နိုင်ငံတွေမှာ ဘယ်လောက်ချမ်းသာ ချမ်းသာ ညအိပ်ညနေ အိမ်အကူ မထားတတ်ကြဘူး။ privacy မရှိလို့ ကိုယ့်ရဲ့ အိမ်ထဲမှာ တစိမ်းနဲ့မနေချင်ကြဘူး လေ။
အဲဒီတော့ ကိုယ်ထူ ကိုယ်ထ ကိုယ့်မီးဖိုချောင်လေးကို ကိုယ့်စိတ်တိုင်းကျလေးဖန်တီးယူကြတယ်။

အဲ့တော့ မိသားစုတိုင်း စိတ်ချမ်းသာပြီး ကိုယ် ကျန်းမာဖို့ Good Housekeeping ဆိုတာလေးတွေကို
မသိမဖြစ်အ‌နေနဲ့ လေ့လာထားကြရအောင်နော်။

image