20 w - Translate

ကားပိုင်ရှင်အချို့ရဲ့
တရားစွဲတာခံနေရတဲ့ Tesla

မကြာသေးခင် ရက်သတ္တပတ်က Tesla အနေနဲ့ US တရားရုံးတစ်ခုမှာ ကားပိုင်ရှင်တစ်ဦးက တရားစွဲထားတဲ့ အမှုကို ရုတ်သိမ်းပေးဖို့ လျောက်လှဲခဲ့ပေမယ့် တရားသူကြီးက ငြင်းပယ်ခဲ့ပါတယ်။ တရားစွဲထားတဲ့ အကြောင်းရင်းကတော့ မကြာခင်ပဲ အလိုအလျောက် ကိုယ်ပိုင်စွမ်းရည်နဲ့ Self-driving လုပ်တော့မယောင်ယောင် လိမ်ညာပြီး ကြေငြာခဲ့တာကြောင့်ဖြစ်ပါတယ်။

Elon အနေနဲ့ 2016 ကတည်းက Tesla တွေရဲ့ Co-pilot နဲ့ Self-driving Mode ကိုစကြော်ငြာစဥ်က မကြာခင်မှာပဲ ကားကလူထိန်းစရာမလိုပဲ မောင်းတော့မှာလိုလို ကြေငြာခဲ့ပေမယ့် တစ်ကယ့်မြေပြင်မှာတော့ ယာဥ်တိုက်မှုတွေ၊ ဥပဒေအကြောင်းအရ သွားရမယ့် ခွင့်ပြုချက်တွေ၊ ရံဖန်ရံခါ ထထဖြစ်တဲ့ Accident တွေအပြင် Software Update ကို ပိုက်ဆံပေးပြီး ဝယ်ခိုင်းတာတွေကြောင့် Tesla ပိုင်ရှင်တွေ မကျေမနပ်ဖြစ်နေကြတာ သိကြမှာပါ။

ကားပိုင်ရှင်တွေကို ကြော်ငြာခဲ့စဥ်က AutoPilot မှာ AI က အရှိန်တင်တာ၊ ကားဘရိတ်ဖမ်းတာ၊ ကားကို Lane တစ်ခုထဲမှာပဲ ထိန်းထားပေးတာမျိုး ပြုလုပ်ပေးမှာဖြစ်ပြီး၊ Full Self-driving Mode မှာတော့ ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေအရ လမ်းကြောင်းပြောင်းတာနဲ့ သွားလိုရာထိ အကူအညီပေးပြီး မောင်းနှင်ပေးမှာလို့ ပြောထားပြီး ကားမောင်းသူကို လုံးဝကားထိန်းစရာမလိုတဲ့အထိ ကူညီပေးမယ်လို့ မပြောထားခဲ့ပါဘူး။

ခုလို လုံးဝထိန်းပေးစရာမလိုတဲ့ကားမဟုတ်ပဲ ဒီနည်းပညာကို စတင်မိတ်ဆက်စဥ်က ထင်ယောင်ထင်မှားဖြစ်အောင် Tesla အနေနဲ့ ကြော်ငြာခဲ့လို့ ကားပိုင်ရှင်တွေနစ်နာတယ်လို့ တရားလိုဖက်ကတော့ ဖော်ပြထားပြီး တရားစွဲထားတာဖြစ်ပါတယ်။ တစ်ကယ်တော့ Tesla အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီက တရားစွဲမှုအပြင်၊ အမေရိကန်အစိုးရ ဖက်ဒရယ်ရှေ့နေတွေကလည်း Tesla ရဲ့ Auto Pilot ကြောင့်ဖြစ်တဲ့ ကားတိုက်မှုတွေကိုလည်း တရားစွဲဖို့ ပြင်နေတာတွေ ရှိပါသေးတယ်။
သေချာစဥ်းစားမယ်ဆိုရင် လူထိန်းစရာမလိုတဲ့ အလိုအလျောက်ကားမောင်းစနစ်ဆိုတာ အချိန်တစ်ခုပေးဖို့လိုသေးသလို၊ လူတွေရဲ့ ယုံကြည်မှုကို
ရဖို့လည်း ကြိုးစားရဦးမှာပါ။

image