20 w - Translate

စားသောက်ချိန်မမှန်တာ‌တွေ၊ အိပ်ရေးပျက်တာတွေ ရက်ဆက်လာတဲ့အခါ၊
🔸 စိတ်ဖိစီးမှုများတဲ့အချိန်အခါမျိုးတွေမှာ
ဗိုက်ထဲ နေလို့ထိုင်လို့မကောင်းတာ ဖြစ်ဖူးကြမယ်ထင်ပါတယ်။
ဒါ အစာအိမ်နာရောဂါ (Gastritis) ကြောင့် ဖြစ်နိုင်ပါတယ်။
အစာအိမ်နာ အများစုရဲ့ ရောဂါလက္ခဏာက ဗိုက်နာတာပါ။ ဗိုက်ရဲ့အပေါ်ပိုင်း ရင်ညွန့်အောက်နားတဝိုက်ပါ။
ဒါပေမယ့် တချို့လူနာတွေရဲ့ အစာအိမ်နာတဲ့ပုံစံက ဗိုက်မနာပဲနဲ့၊ ရင်ပူတာ၊ ခဏခဏပျို့ပြီး အန်ချင်တာ၊ စားချင်စိတ်မရှိတာ။ ဒါမျိုးတွေလဲဖြစ်နိုင်ပါတယ်။
တချို့ဆို ကိုယ့်ဟာကို အစာအိမ်နာဖြစ်နေမှန်းတောင် သတိမထားမိကြပါဘူး။
အများစုကတော့ အချိန်တခုကြာရင်ပျောက်သွားတတ်ပါတယ်။
ပြသနာက ရေရှည်ဖြစ်တဲ့လူတွေပါ။
တစ်လ တစ်ခါလောက်နာလိုက်၊ တစ်ခါဖြစ်ရင် တစ်ပတ်လောက်ကြာလိုက်၊ ပျောက်သွားလိုက်။ ပြီးရင်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။
ဒီလို အစာအိမ်နာ ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့အများကြီးရှိပါတယ်။ H. pylori ရောဂါပိုးကြောင့်ဖြစ်နိုင်သလို၊ အရက်သောက်သုံးခြင်း၊ autoimmune ရောဂါများ၊ အနေအထိုင်၊ အစားအသောက် နဲ့ စိတ်ဖိစီးမှု တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
နာတာရှည် ဒူးနာ၊ ခါးနာ ဝေဒနာရှင်များလည်း အကိုက်အခဲပျောက်ဆေးများ၊ စပ်ဆေးများ မိမိသဘောနှင့် မိမိသုံးစွဲတာတွေရှိတတ်ကြပါတယ်။ ဒီ‌ဆေးတွေ‌ကြောင့်လည်း အစာအိမ်နာဖြစ်နိုင်ပါတယ်။
အစာအိမ်နာ‌ ရေရှည်ဖြစ်လာရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာတွေ နောက်ဆက်တွဲလိုက်လာနိုင်ပါတယ်။
ဒီတော့ ကျနော်တို့ အနေအထိုင်အစားအသောက်ဆင်ခြင်ဖို့ (life style changes) လိုပါတယ်။
ဒါကြောင့် ကြိုတင်ကာကွယ်ဖို့ရာ
- အပူအစပ် အစားအစာရှောင်ပါ။
- အချိန်မှန်စားပါ။ အဆာမခံပါနဲ့။
- ညအိပ်ရေးဝဝအိပ်ပါ။
- စိတ်ဖိစီးမှုလျော့ချပါ။
- ကဖင်း (caffeine) ရှောင်ပါ။ (ကော်ဖီ၊ လက်ဖက်ရည်၊ energy drink မျိုးစုံမှာ ကဖင်းဓာတ်ပါပါတယ်)
- ဆေးလိပ်ဖြတ်ပါ။
- အရက်သောက်သုံးခြင်းလျော့ချပါ။
- အကိုက်အခဲပျောက်ဆေးများ၊ စပ်ဆေးများ မိမိသဘောနှင့် မိမိမှီဝဲတာမျိုးမပြုလုပ်ဖို့ကိုလည်း အကြံပြုချင်ပါတယ်။
အစာအိမ်နာ‌ရောဂါဖြစ်ပြီဆိုရင်တော့ ဆရာဝန်ပြပြီး စနစ်တကျ ဆေးသောက်၊ လိုအပ်ရင်ဆေးထိုး ကုသမှုခံယူဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ။
MMDC & LUDU Laboratories
*Only for public health education*
_______________________________________________
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို့ MMDC & LUDU laboratories Page ကို Like and Follow လုပ်‌ထားဖို့ဖိတ်ခေါ်ပါတယ်။
Facebook: https://www.facebook.com/mmdc.ludu?mibextid=ZbWKwL
Telegram: https://t.me/mmdcludu
Viber: https://invite.viber.com/...
YouTube: https://youtube.com/@LUDULabor....atory?si=vQ-vTdqbkKI

image