20 w - Translate

ဒီပွဲက မိုက်တိုင်ဆန် အတွက်အန္တရာယ်ရှိနိုင်ဟုဆို 😬💥💥
အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ BOXING Legend ကြီး မိုက်တိုင်ဆန်ကတော့ လာမယ့် Jul 20 ရက်နေ့မှာ ပွဲပြန်ထိုးဖို့ ပြင်ဆင်နေပါပြီ
သူ့ပြိုင်ဘက်ကတော့ အမေရိကန် YouTuber ဖြစ်တဲ့ Jake Paul ပဲဖြစ်ပါတယ်၊ သူ့အသက်က အခုမှ ၂၇ နှစ်ပဲရှိပါသေးတယ် မိုက်တိုင်ဆန်နဲ့ အသက် ၃၀ ထိကွာတာပါ
မိုက်တိုင်ဆန်ဟာ Heavyweight တန်းရဲ့ ကမ္ဘာ့ချန်ပီယံ ၁၉၈၆ ခုနှစ်မှာဖြစ်ခဲ့တာပါ၊ အဲဒီအချိန်မှာ Jake Paul မမွေးသေးပါဘူး Jake Paul က ၁၉၉၇ မှမွေးတာပါ၊ အဲဒီတော့ မိုက်တိုင်ဆန် ချန်ပီယံဖြစ်ပြီး ၁၁ အကြာမှမွေးတဲ့ YouTuber ပဲဖြစ်ပါတယ်
အမေရိကန်နိုင်ငံရှိ Boxing ပွဲတွေ စီစဉ်ကျင်းပတဲ့ promoters အချို့ကတော့ ဒီပွဲဟာ မိုက်တိုင်ဆန်အတွက် အန္တရယ်ရှိကြောင်း၊ Jake Paul က YouTuber ဆိုပေမဲ့ Professional Boxer တစ်ယောက်ဖြစ်နေပါပြီ၊ အသက်အားဖြင့်လည်း အရမ်းကွာလွန်းတယ် ဆိုပြီး စိုးရိမ် ပြောဆိုနေကြပါတယ်
ဒီပွဲကို July 20 ရက်နေ့ အမေရိကန်နိုင်ငံမှာပဲ ထိုးသတ်သွားမှာဖြစ်ပါတယ်၊ ၂ မိနစ် ၈ ချီထိ ကစားသွားရမှာပါ၊
Jake Paulကတော့ အဲဒီနေ့မှာ မိုက်တိုင်ဆန်ကို သူဘာကောင်လဲဆိုတာ ပြသသွားမယ်လို့ဆိုထားပါတယ်
LK Myanmar

image