20 w - Translate

ငါးရံ့ ဘူးသီးချဉ်ရည်

ပါဝင်ပစ္စည်းများ
ငါးရံ့ ၄၀ သားခန့်
ဘူးသီး တစ်စိတ်
ခရမ်းချဉ်သီး ၂၀ သားခန့်
ခရမ်းချဉ်သီး ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ငရုပ်ပုသီး၊ ငရုပ်သီး၊ ငါးငံပြာရည်၊ ဆား၊ နနွင်း၊ နံနံပင်

ပြုလုပ်နည်း
ငါးရံ့ ၄၀ သားခန့်တစ်ကောင်ကို ဆေးကြောသန့်စင်ပြီး အနေတော်တုံးပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှုန့် တို့ဖြင့် နယ်ထားပါ။
ခရမ်းချဉ်သီး ၂၀သားခန့် ခပ်ပါးပါး လှီးထားပါ။
ငရုပ်ပုသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ညက်အောင် ရောထောင်းထားပါ။
ဘူးသီးတစ်စိတ်ခန့် အနေတော်လှီးဖြတ်ထားပါ။
ဒယ်အိုးထဲ ဆီထည့်ကာ ထောင်းထားသောငရုပ်သီးများကို ဆီသတ်ပါ။
ပြီးလျှင် ခရမ်းချဉ်သီးထည့်ကြော်ကာ ခရမ်းချဉ်သီးနွမ်းပါက ငါးနဲ့ဘူးသီးထည့်ပါ။
ဆုံဆေးရည်နဲ့ ရေကျက်အေး အနည်းငယ် ငါးငံပြာရည်ထည့်ပြီး ငါးကျက်ပြီးဘူးသီးနူးတဲ့အထိထားကာ နံနံပင်နဲ့ ငရုပ်သီးစိမ်းအုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
#cooking

image