20 w - Translate

အာရှဒေသအများအပြားသည် အပူလှိုင်းကြောင့် ပူလောင်အိုက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံမှသည် ဖိလစ်ပိုင်အထိ အပူစံချိန်များ အမြင့်ဆုံးကိုရောက်ခဲ့သော အပူလှိုင်းကြောင့် ကျောင်းသား သန်းပေါင်း များစွာသည် ကျောင်းမတက်ကြရဘဲ အိမ်တွင် နေခဲ့ကြရသည်။

ပြင်းထန်အပူဒဏ်သည် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ရသည်ဟု ရာသီဥတု သိပ္ပံပညာရှင်များက ပြောသည်။ ရာသီဥတု ပြောင်းလဲမှုသည် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်းထန်အပူလှိုင်းများ မကြာမကြာ ဖြစ်ပေါ်မည်ဟု ဆိုသည်။ အပူလှိုင်း ကျချိန်များသည် အချိန်ပိုကြာလာမည်ဖြစ်သည်။ အပူလှိုင်းတို့သည် ပိုမိုပြင်းထန်လာမည်ဟု သိပ္ပံပညာရှင်များက ဟောကိန်း ထုတ်ထားကြသည်။

■ သက်ရောက်သည့် နေရာများ

ပြင်းထန်အပူသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့တွင်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းက ချောက်မြို့တွင် စံချိန်တင်အပူချိန်ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်မြို့တော် မနီလာသည်လည်း အပူ ချိန် စံချိန်တင်သွားခဲ့သည်။

ထိုင်းအာဏာပိုင်များက ပြင်းထန် သောအခြေအနေများနှင့်ပတ်သက်၍ သတိ ပေးချက်များကို ထုတ်ပြန်ခဲ့ကြသည်။ ကမ္ဘော ဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်တို့က အာဏာပိုင်များကလည်း အပူ ချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထက်ကို ရောက်ရှိမည်ဟု သတိပေးထားသည်။

ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။ အိန္ဒိယနိုင်ငံကလည်း ပြင်းထန်အပူချိန်က ရွေးကောက်ပွဲတွင် လာရောက်မဲပေးကြမည့် ပြည်သူများကို သက်ရောက်မှုရှိ မရှိ လေ့လာ ဆန်းစစ်လျက်ရှိသည်။

ဂျပန် မြောက်ပိုင်းကိုတောင် သက် ရောက်မှုရှိခဲ့သည်။ ဂျပန်နိုင်ငံ၏ ဆက်ပိုရို တွင် ဧပြီလထဲ အပူချိန်များသည် ၂၅ ဒီဂရီ ဆဲလ်စီယပ်(၇၇ ဒီဂရီဖာရင်ဟိုက်) ကို ကျော် လွန်သွားခဲ့ရာ နှစ်တစ်နှစ်၏ အစောဆုံးအ ချိန်တွင် အပူချိန် စံချိန်တင်သွားခြင်းဖြစ် သည်။

image