20 w - Translate

လက်တွဲဖော်ဆီက ဘာတွေ မျှော်လင့်ထားလဲ မေးရင်
အဆိုးလောကဓံနဲ့ ကြုံရချိန် ..
အရာရာကို စိတ်ပျက် အားငယ်နေရချိန်မှာ
" အတူတူရှိနေပေးမယ် " ဆိုတဲ့
စကားလေး တစ်ခွန်းပဲ လိုချင်တာပါ ။ 🌿

ပြဿနာတစ်ခုခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ
အပြစ်တွေပြော.. လက်ကျန်အားအင်လေးကိုတောင်
ယုတ်လျှော့သွားအောင် .. ပိုပြီး ပင်ပန်းစေမယ့်
စကားတွေ မပြောဘဲ
အတူဖြေရှင်းကြရအောင်နော်.. လို့
နည်းလမ်းတွေ စဉ်းစားပြီး
ဖေးမ ပေးတာပဲ လိုချင်မိတယ် ။ 🌿

အားလုံးကို အရှုံးပေးပြီး
ပြိုလဲနေချင်ရင်တောင်
သူကတော့ ငါ့အတွက် ရှိနေတာပဲ ဆိုတဲ့ အသိနဲ့
အားတင်းပြီး ပြန်ကြိုးစားချင်မိတာ ။ 🌿

ဘာဖြစ်လို့ သူစိမ်းလူဆီက ဖေးမမှုကို
မက်မောတာလဲ မေးရင်
အဲဒီနွေးထွေးဖေးမမှုတွေကို လိုချင်လို့ကို
လက်တွဲဖော် ထားတာမို့ပါ ။ 🌿

ပျော်ရွှင်ခြင်းတွေရော
ဝမ်းနည်းခြင်းတွေပါ
အတူတူ မျှဝေ ခံစားချင်လို့
အဲဒီလူသားကို ဘဝထဲ လက်ခံထားတာပါ .. ။ 🌿

အဲဒါကြောင့်
အဲဒီလူပေးတဲ့ ခွန်အားနဲ့ ပိုမိုသန်မာတဲ့
အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ် .. 🌿

အဲဒီလူကြောင့် နှစ်ဆ ပင်ပန်းရတာပြီး
ဘဝကို ရှေ့မဆက်ချင်တော့တဲ့အထိ
ပူလောင်နေရတဲ့ မိန်းမတစ်ယောက်အဖြစ်တော့
မရှင်သန်ချင်ပါဘူး .. 🌿

ကိုယ်သူ့ဆီက လိုချင်တဲ့အရာလေးက
အင်မတန်ဘဲ ရိုးရှင်းပါတယ် ..
အတူငိုပေးနိုင် .. အတူရယ်မော ပေးနိုင်တဲ့
ချစ်ခြင်းမေတ္တာလေးတစ်ခုပါပဲ ..
အဲဒါဆိုရင်ပဲ ဘဝအတွက် လုံလောက်နေပါပြီ ။ 🌿

image