20 w - Translate

▶️ ၆၉ မိနစ်မှာ လူစားဝင်လာ

▶️ ၂၁ မိနစ်အတွင်းမှာ ဂိုးပေါက်ကာကွယ်မှု ၃ ကြိမ်အထိပြုလုပ်ခဲ့

▶️ ဆွန်ဟောင်မင်ရဲ့တစ်ဦးချင်းကန်သွင်းမှုကို အကောင်းဆုံး ကာကွယ်သွား

▶️ ပွဲစဥ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သ-တ်မှတ်ခံရ

ဒါက မန်စီးတီးရဲ့လူစားဝင်ဂိုးသမား စတီဖန် အော်တေဂါရဲ့စပါးနဲ့ပွဲစဉ်က အချက်အလက်တွေပါ။

အရန်ခုံက,ထလာပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိသွားတဲ့ ကစားသမားတွေက မရှားပါဘူး။

ဒါပေမဲ့ ရှေ့ထွက်ကစားရပြီး လုပ်ကွက်ရတဲ့ ‌‌တိုက်စစ်မှုးတွေနဲ့ ကွင်းလယ်ကစားသမားတွေပဲ ဒီလိုမျိုး ရတတ်ကြတာပါ။

နောက်ခံလူတွေနဲ့ အထူးသဖြင့် ဂိုးသမားတွေ အတွက်တော့ ဒီလိုရရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမဲ့ အော်တေဂါကတော့ မဖြစ်နိုင်တာကိုပဲ လုပ်ပြသွားခဲ့ပါတယ်။

ဆွန်ဟောင်မင်ရဲ့ကန်သွင်းမှုကို သူပု-တ်ထု-တ်ကာကွယ်လိုက်နိုင်တာဟာ မန်စီးတီးအတွက်အပြင် တခြားနေရာတွေ အများကြီးမှာပါ အကျိုးသက်ရောက်မှု ရှိသွားခဲ့တာပါ။

🚨 စပါးတို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို နှစ်ရာသီဆက် ဆုံးရှုံးသွားတယ်။

🚨 အက်စ်တွန်ဗီလာက နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့တယ်။

🚨 အာဆင်နယ်အသင်းရဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရတဲ့ အိပ်မက်ဆိုးကို ဓာ-တ်ဆီလော-င်းသလိုဖြစ်ခဲ့တယ်။

🚨 မန်စီးတီးတို့ အသင်းသမိုင်းမှာ ပထမဆုံးအနေနဲ့ လေးနှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုရရှိဖို့ အခြေအနေကောင်းသွားစေခဲ့တယ်။

(ပရိသ-တ်တွေကတော့ အော်တေဂါရဲ့ဆွန်ဟောင်မင်နဲ့အတွေ့မှာ ကာကွယ်မှုကို အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ရဲ့ပြင်သစ်နဲ့ကမ္ဘာ့ဖလားဖိုင်နယ်က မူအာနီရဲ့ကန်သွင်းချက်ကို ကာကွယ်ခဲ့ပုံနဲ့ နှိုင်းယှဥ်ပြီး ချီးကျူးနေကြပါတယ်။)

image