20 w - Translate

ကားဝယ်ရင် သေချာစစ်ရမယ့် ရှော့ဘားအထိုင်

ကားဝယ်ရင် ရှော့ဘားအထိုင် (၄) ခုလုံးရဲ့အောက်ကို သေချာငုံ့ကြည့်ပါ။ တချို့ရှော့ဘားအထိုင်အောက်ဆို အခင်းပိတ်ရှိတော့ လှန်မကြည့်ချင်တာရယ်၊ ခွာကြည့်ဖို့ ခက်တာရယ်...အဲ့ဒါတွေကြောင့် ကားဝယ်ရင် ရှော့ဘားတိုင် လေးဖက်လုံးကို ဂရုတစိုက်ကြည့်ဖို့ အမှုမဲ့၊ အမှတ်မဲ့ မေ့တတ်ပါတယ်။

ရှော့ဘားအထိုင်ပြုပြင်ထားရင် ကညနနဲ့ ငြိပါတယ်။ ပုံပါအတိုင်း ညာဖက်ကိုပြုပြင်ထားရင် အတွင်း အင်ဂျင်ခန်းထဲက ဘယ်ဖက်ရှော့ဘားတိုင်ပေါ်မှာ "W"ဆိုတဲ့ (ပြင်ဆင်မှု) တံဆိပ်တုံးတခုရိုက်ပါတယ်။ အုံနာဘုတ်နှင့် ဝှီးတက် မှာလည်း မှတ်တမ်းတင်တယ်။

ဖြတ်ဆက်/ဖောက်စွပ်လားဆိုတော့ မဟုတ်ပါဘူး။ ဥပဒေအရ ကားရဲ့ ကြံ့ခိုင်မှုအားနည်းချက်ကြောင့် လူကိုအန္တရာယ်ဖြစ်စေ၍ ပြင်ဆင်မှုမှတ်တမ်းတင် သဘောမျိုးအနေဖြင့် သတိပေးခြင်းဖြစ်ပါတယ်။

ဒုတိယတကြိမ် မတော်တဆ ထပ်တိုက်လိုက်လို့
နောက်ထပ်​ေရှော့ဘားတဖက် "W"ထပ်ရိုက်ရင်တော့ ကားရဲ့ ကြံ့ခိုင်မှု ၅၀%သတ်မှတ်ခြင်း (သို့မဟုတ်) တခြားနည်းဖြင့် နိုင်ငံတော်မှ ကားကိုသိမ်းနိုင်ပါတယ်။

အဲ့လို "W" တလုံးပါတဲ့ကားများဟာ စျေးကွက်အရ သာမာန်ကားထက် စျေးအနည်းငယ်လျော့ပါတယ်။

ဒါကြောင့် ကားဝယ်ရင် ရှော့ဘားအထိုင်လေးဖက်ရဲ့ အောက်ကို သေချာစစ်ဆေးဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါရစေ။

ဓာတ်ပုံ (၂) ပုံကတော့ရှေ့လျှော့ဘားအထိုင် ထိထားလို့ သေချာပြုပြင်ထားတဲ့ အနေအထားနဲ့
မထိခိုက်ထားတဲ့ Original အနောက်ရှော့ဘား
အနေအထားတခုကို အနီးစပ်ဆုံးနားလည်နိုင်ရန် ကိုယ်တိုင် ရိုက်ပြထားခြင်းဖြစ်ပါတယ်။

imageimage