20 w - Translate

သည်းခံနိူင်တဲ့အတိုင်းအတာအထိ
ကျော်လွန်သွားတဲ့အခါလွှတ်ချခဲ့ပါ။

အချိန်အတိုင်းအတာ တစ်ခုအထိ
ပေးဆပ်ခဲ့ပြီးပြီပဲ ဘယ်အရာက
ကိုယ့်အပေါ်ကောင်းပြီး ဘယ်အရာတွေက
ကိုယ့်အပေါ်ဆိုးလည်းဆိုတာ သိသင့်နေပါပြီ။

ဝဋ်ကြွေးဆိုပြီး ကိုယ့်ဘဝတစ်ခုလုံးကို
မြှုပ်နှံမထားပါနဲ့။
ဒါက ဝဋ်ကြွေးမဟုတ်ဘူး ကိုယ့်ဘက်က
မပြတ်သားနိူင်တာပါ။

ဘယ်လိုဆက်ဆံရေးမျိုးမဆို
စိတ်ထဲပေါ့ပေါ့ပါးပါးမရှိရင်လွှတ်ချခဲ့လိုက်ပါ။
ပျော်ရွှင်တဲ့လူတစ်ယောက်ကို
ပျော်အောင်လုပ်ဖို့လွယ်ပေမယ့်။

မပျော်နိူင်ပဲ အမြဲတမ်းစိတ်ဓါတ်ကျအောင်
လုပ်တတ်သူနဲ့ စိတ်ညစ်အောင်နည်းအမျိုးမျိုးနဲ့
နှိမ့်စက်တတ်တဲ့သူကိုတော့ ပျော်အောင်ဘယ်လိုပဲထားထား ပျော်ရွှင်မှုကို ပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။

တချို့တွေရှိတယ် ချစ်သူရှိတာနဲ့
မရှိတာအရမ်းကွာသွားတယ်။
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အရင်နဲ့မတူဘူး။

အမှန်တော့ မိမိကိုယ်ကို ရှာမတွေ့ပဲ
ကိုယ်ချစ်သူကပဲ ပျော်အောင်ထားနိူင်မယ်
ထင်တတ်ကြတာမျိုးပါ။

သည်းခံနိူင်သလောက်ပဲ သည်းခံပါ
ချစ်ပေးနိူင်တာ အပြစ်မဟုတ်ပေမယ့်
နေရာမမှန်ရင် ကိုယ့်အချစ်က တန်ဖိုးမဲ့တယ်
ဆိုတာမမေ့လိုက်ပါနဲ့။

အချစ်က ဘဝမဟုတ်ပေမယ့်
ဘဝတစ်‌လျှောက်လုံး လက်တွဲသွားဖို့
အတွက်တော့ အချစ်ကတစ်စိတ်တစ်ပိုင်းတော့
အရေးပါပါတယ်။

အဲ့ဒီအစိတ်အပိုင်းလေးက
ရွေးချယ်မှုမှားသွားရင် ဘဝတစ်ခုလုံး
ဆုံးရှုံးရတတ်တယ်။

ဒါကြောင့် ကိုယ့်အချစ်တွေကြောင့်
သူအေးချမ်းပြီး သူ့အချစ်တွေကြောင့်
ကိုယ်နွေးထွေးသွားရမယ့်သူကိုပဲ
ဖူးစာအဖြစ်ဆုံတွေ့ပါစေ။

image