ကိုယ်သဘောကျတဲ့ Relationship type လေးကလေ တစ်ယောက်နဲ့တစ်ယောက် ဝန်မပိုစေတာမျိုး အနှောင့်ယှက်မဖြစ်စေတာမျိုးပဲ အေးချမ်းရမယ် ဘယ်ရှုထောင့်ကတွေးတွေး စိတ်ကိုချမ်းသာစေတဲ့ rs လေးဖြစ်ရမယ်
အလုပ်လုပ်နေတဲ့အချိန်မှာ ဖုန်းတွေ ခေါ် Msg တွေပို့ပီး လွန်လွန်ကဲကဲ attachဖြစ်တာမျိုး မဖြစ်ချင်ဘူး သူလည်း သူလုပ်ချင်တာသူလုပ် ကိုယ်လည်း ကိုယ်လုပ်ချင်တာကိုယ် လွတ်လွတ်လပ်လပ်လုပ်နေသင့်တယ် ဘာလုပ်နေပါပီ ဘယ်ရောက်နေပါပီ ဆိုပီး သတင်းပို့နေရတာ အလုပ်တစ်ခုလိုဆို ကြာရင်အဆင်မပြေလောက်ဘူး
နောက်ပီး တစ်ယောက်ကိစ္စကို တစ်ယောက် ဝင်စွတ်ဖက်တာ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုပီး ချုပ်ချယ်ကန့်သတ်တာတွေမရှိရဘူး Privacy ကိုလေးစားရမယ် Mutual respect ရှိရမယ်
တစ်ယောက်ရဲ့နောက်ကြောင်း တစ်ယောက်ကလှန်ပီး ပြသနာတွေရှာ အချိန်တွေကုန်တာမျိူး မရှိစေချင်ဘူး သဝန်တိုပီး ပူလောင်နေရတာတွေမုန်းတယ် ဘယ်ယောကျား ဘယ်မိန်းမ အတွက်နဲ့မှ ပူပန်နေစရာမလိုတာပဲကြိုက်တယ်
မလိုအပ်တဲ့ Social media နဲ့ပတ်သက်တဲ့ ကိစ္စတွေ ကိုယ်တင်တဲ့ post ကို Love မလုပ်သွားလို့တို့ တစ်ခြားကောင်မလေးကို Love react ပေးလို့ဆိုပီး အရေးမပါတာတွေနဲ့ ပြသနာတွေလည်း မဖြစ်ချင်ဘူး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဲတာတွေ ပေးပေး မပေးပေး ကတကယ်လည်းအရေးမပါဘူးလေ
Profileမှာ Relationship ကြီးတင်ပီး Post မှန်သမျှ tag တွဲတာမျိုး အပိုအလုပ် သဲသဲကဲကဲတွေလည်းမကြိုက်ဘူး အဲတာတွေလုပ်တိုင်းလည်း တည်မြဲတာမှမဟုတ်တာ
နားလည်မှူရှိရှိနဲ့ တစ်ပတ်တစ်ခါလည်း ဖုန်းပြောချင်မှ ပြောကျမယ်
၁လ နေလည်း တစ်ခါ တွေ့ချင်မှတွေ့မယ်
၁နှစ်၁ခါလည်း ချစ်တယ်လို့ပြောဖြစ်ချင်မှ ပြောဖြစ်မယ်
ဖြစ်နိုင်မယ်ဆို တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မသိနေရင်ကို အကောင်းဆုံးပဲ အဲ့ relationship မျိုးက အရမ်းအေးချမ်းတယ်
ပြောရမယ်ဆိုရင် အော်ငါ့မှာချစ်သူရှိပါလားဆိုတာကို
မေ့နေရမယ် အဲတာဆို ရပီ😚😊