20 w - Translate

ကျောရိုးတစ်ဝက်သာရှိပြီး လည်ပင်းမပါဘဲမွေးဖွားလာခဲ့ပေမဲ့ အပျော်ဆုံးခွေးလေးတစ်ကောင်ဖြစ်နေတဲ့ Cooper

ကျောရိုးတိုရောဂါဟုခေါ်တဲ့ အခြေအနေတစ်ခုဖြင့် မွေးဖွားလာခဲ့ပြီး ဖော်ရွေတတ်တဲ့ foxhound Cooper ခွေးလေးဟာ ပုံမှန်ခွေးတစ်ကောင်ရဲ့ အရှည်တစ်ဝက်ခန့်သာရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားမှာ ဒီခွေးလေးရဲ့အပြုအမူတွေဟာ ပိုမိုတောက်ပတာဖြစ်ပြီး အင်တာနက်သုံးစွဲသူတွေကို ဆွဲဆောင်ထားနိုင်ခဲ့တာပါ။ 2017 ခုနှစ် နွေရာသီတွင် ဗာဂျီးနီးယား Halifax ရှိ ခြံအနီးတွင် တိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိတွေက ဒီခွေးလေးတွေကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။ Cooper လို့အမည်ပေးထားတဲ့ နှစ်လသားအရွယ်ခွေးလေးဟာ မွေးရာပါချွတ်ယွင်းချက်ကြောင့် စွန့်ပစ်ခံခဲ့ရဟန်ပေါ်ပါတယ်။ အဲဒီနောက်မှာတော့ Cooper ကို တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာသို့ ခေါ်ဆောင်လာခဲ့ကြပြီး နားပိုးတွေ၊ ကပ်ပါးပိုးတွေနဲ့ အူကျွံခြင်းတွေကို ကုသပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Cooper ဟာ Elly Keegan နဲ့ သူမရဲ့ခင်ပွန်း Andy တို့နဲ့အတူ သူ့ရဲ့ထာဝရအိမ်လေးကို ရှာတွေ့ခဲ့တာဖြစ်ကာ အဲဒီတုန်းက Elly တို့ဇနီးမောင်နှံဆီမှာ ခွေးသုံးကောင်ရှိနေပြီးသား ဖြစ်ပါတယ်။

Cooper ဟာ ကြမ်းတမ်းတဲ့မြေမျက်နှာပြင်တွေမှာ လမ်းမလျှောက်နိုင်ပေမယ့် သူဟာ အပျော်ဆုံးခွေးလေးတစ်ကောင်ဖြစ်တယ်လို့ Elly က ‌ပြောဆိုခဲ့ပြီး ဒီလိုအခြေအနေမျိုး ခွေးလေးတွေကို သတ်ပစ်လိုက်တာက သူမအတွက် တကယ့်ကိုစိတ်ထိခိုက်ဝမ်းနည်းစေတယ်ဟုလည်း ပြောပြခဲ့ပါတယ်။ အခုဆိုရင် Cooper ဟာ ပျော်စရာကောင်းတဲ့ သာမန်ဘဝလေးကို ပိုင်ဆိုင်ထားပြီး သူမတို့မိသားစုရဲ့ အဓိကမိသားစုဝင်တစ်ယောက်ဖြစ်လာကြောင်း ပြောပြထားခဲ့တာပါ။ အစပိုင်းမှာတော့ အခက်အခဲတွေအများကြီးရှိခဲ့တာဖြစ်ပြီး Copper ကိုမွေးစားပြီး လအနည်းငယ်အကြာတွင် သူလဲကျသွားရာကနေ လည်ပင်းတွင်ငါးနေရာခန့်ကျိုးသွားခဲ့ကာ အရိုးပိုးဝင်ခြင်းကိုပါ တွေ့ရှိခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ အခြေအနေတွေကို ဆေးဝါးတွေနဲ့ထိန်းချုပ်နိုင်ခဲ့ပြီး တခြားသူတွေရဲ့ အကူအညီမရယူဘဲ ကောင်းစွာနေထိုင်နိုင်ဖို့ Copper ကို ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ ခွေးလေး Cooper ဟာ သူ့ဘာသာသူ ကောင်းကောင်းလုပ်ဆောင်နိုင်နေပါပြီ။

Cele Now
photos from Cooper - Short On Spine, Big On Love / Facebook

imageimage