အောက်တိုဘာလောက်မှာ Xiaomi 15 ကို မိတ်ဆက်လာမယ်လို့ သတင်းထွက်နေတယ်
ထုံးစံအတိုင်းပဲ Snapdragon 8 Gen4 ကိုသုံးပေးလာမယ်တဲ့ ဒါကတော့ မဆန်းပါဘူး နှစ်ကုန်ပိုင်းလောက်မှာ xiaomi က flagship အသစ် မိတ်ဆက်တယ် ၊ နောက်ဆုံးထွက် Snapdragon SoC ကိုသုံးပေးတယ် (ပုံမှန်ပါပဲ)
Snapdragon 8 Gen4 က သတင်းအရတော့
Single Core 2,700
Multi Core 100,000 ရှိပါတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ Geekbench 6 Test အရသိရတယ် နောက်ထပ် သတင်းအနေနဲ့ 8 Gen4 မှာ သိသာတဲ့ CPU / GPU Performance တိုးတက်မှုတွေရှိလာနိုင်ပြီး High Performance Core တွေက 3.6 - 4 GHz Clock Speed အထိ ရှိမယ်လို့ ပြောနေကြပါတယ်
Xiaomi 15 အကြောင်းသိရသမျှ ကို ဆက်ရရင် အရင်က Xiaomi 14 ထက် ဘေးဘောင်တွေပိုပါးလာမယ်
Chin ကို 1.71mm ကနေ 1.5mm အထိ ပါးလာမယ်ဆိုတာက ဖုန်း Screen ပေါ်ကျရင်သိသာတဲ့တိုးတက်ပြောင်းလဲမှုလို့ပြောရမှာပဲ
အင်တာနက်ပေါ်ကပုံအရတော့ 1.5mm က ဘောင်ပတ်လည် ဖြစ်လာနိုင်တယ့်အပြင် ကင်မရာနေရာကလဲ 3.9mm ကနေ 2.5mm အထိ ပိုသေးလာပါမယ်တဲ့
