20 w - Translate

သာခွေယိုင် (ထမင်းပေါင်းအိုးဖြင့်ချက်တဲ့နည်း)

သာခွေယိုင်ကို မွှေရတာလက်မညောင်းအောင်လို့ထမင်းပေါင်းအိုးဖြင့်ချက်တဲ့နည်းပါ။ တကယ့်နည်းကတော့ မီးဖိုပေါ်မှာတင်မွှေရတာ လက်ညောင်းလို့ဒီနည်းလေးကိုသုံးထားတာပါ။ အားလုံးလဲ အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုးမှာပါတဲ့ခွက်ဖြင့် ၂ ခွက် (သို့) နို့ဆီဘူးဖြင့် ၁ ခွက်ခွဲ
၂။ ဆား - လက်ဖက်ရည်ဇွန်းလေးပုံတပုံ
၃။ သကြားအညို - ထမင်းစားဇွန်း ၁၀ ဇွန်း (အညိုမရှိလျှင် အဖြူကိုထည့်လဲရပါတယ်။)
၄။ အုန်းနို့- ၄၀၀ ml
၅။ သကြား - ထမင်းစားဇွန်း ၄ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကောက်ညှင်းကိုရေဆေးပြီး မချက်ခင် ၈ နာရီအလိုကတည်းက ထမင်းပေါင်းအိုးထဲကိုထည့် ရေကို ရေအမှတ် ၅ မှာထည့်၊ (ရေအမှတ်မရှိလျှင် နဂိုထည့်နေတဲ့ရေရဲ့ ၂ ဆခွဲပိုထည့်ရပါတယ်။ နဂိုရေကို ဆန်ရဲ့လက်၁ဆစ်အထက်ထည့်ရင် လက်၂ ဆစ်ခွဲအထိရေထည့်ပါ။) ဆား၊ သကြားအညို ထမင်းစားဇွန်း ၁၀ ဇွန်းတို့ကိုထည့်ရ်ျ သမအောင်မွှေပြီး ၈နာရီလောက်ထားပါ။ (ဒီနိုင်ငံမှာ စားရတဲ့ သာခွေယိုင်က ပိုမွှေးပါတယ်။ အဲ့လိုမွှေးချင်ရင်တော့ ဆွမ်းမွှေးရွက် တရွက် (သို့) ဆွမ်းမွှေးအနံ့အရည် လက်ဖက်ရည်ဇွန်း လေးပုံတပုံကို ချက်မည့်အထဲ ထည့်ပါ။)
၂။ ပြီးမှ ထမင်းပေါင်းအိုးခလုပ်ကိုနှိပ်ရ်ျ ချက်ပါ။ (အိစံကတော့ မနက်ချက်မည်ဆိုလျှင် ညကတည်းက ထမင်းပေါင်းအိုးထဲထည့်ထားပြီး မနက်မှ ခလုပ်နှိပ်ပြီးချက်လိုက်တာပါ။
၃။ ကျက်လျှင် မီးခလုပ်ကိုချက်ချင်းပိတ်ထားလိုက်ပြီးနှပ်ထားပါ။
၄။ အုန်းနို့ကိုမီးဖိုပေါ်တင်ရ်ျ သကြား ထမင်းစားဇွန်း ၄ ဇွန်းထည့်ပြီး သကြားများအရည်ပျော်သွားသည်အထိတည်ထားပါ။
၅။ စားခါနီးမှ ချက်ထားသော ကောက်ညှင်းငချိတ်လေးကို ပန်းကန်ထဲထည့်၊ အပေါ်က အုန်းနို့လေးဆမ်းရ်ျသုံးဆောင်နိုင်ပါပြီ။
.

image