ကလောရောက်ရင်သွားကိုသွားလည်ရမယ့်နေရာလေးတနေရာ💧
အေးချမ်းမြေ_အပန်းဖြေဥယျာဉ်စခန်း🍀
ရှမ်းပြည်တောင်ပိုင်း တီကျစ်မြို့အနီး မြင်းမထိလိုဏ်ဂူအကျော်လေးမှာ ရှိတဲ့ အေးချမ်းမြေအပန်းဖြေစခန်း
🍀မိသားစုလိုက်ပဲ ဖြစ်ဖြစ်
🍀သူငယ်ချင်းတွေပဲ ဖြစ်ဖြစ်
🍀ချစ်သူခင်သူတွေနဲ့အတူ
🍀ဓာတ်ပုံလှလှလေးရို.က်ပြီး
အနားယူအပန်းဖြေလို့ရတဲ့တေရာလေး🍀
စမ်းချောင်းလေး နံဘေး မှာ တဲလေးတွေနဲ့.....အစားအသောက်တွေလည်း စုံစုံလင်လင်ရှိလို့ ကြိုက်တာမှာစားလို့ရပါတယ်
🌊ရေဆော့ လို့လည်းအဆင်ပြေ
🚣‍♀️boat လေးစီးလည်း အဆင်ပြေ....ဒါတင်မက ဓါတ်ပုံရို.က်ဖို့ ရှုခင်းလေးတွေလည်းအဆင်ပြေ😍
ဒီနေရာလေးက ကလောမြို့ (သို့) အောင်ပန်းမြို့ မှ သွားရင် အချိန်အားဖြင့် (၄၅) မိနစ်ဝန်းကျင်၊ တောင်ကြီးမြို့မှ သွားရင် အချိန်အားဖြင့် (၂) နာရီဝန်းကျင် ကား၊ဆိုင်ကယ် မောင်းယုံဖြင့် အေးချမ်းမြေ အပန်းဖြေဥယျာဉ် ကို ရောက်ရှိနိုင်ပါတယ်
အေးချမ်းမြေ အပန်းဖြေဥယျာဉ်နှင့် အပျော်စီးလှေ တည်ရှိရာ နေရာလေးကတော့ ကလော - တီကျစ် - နောင်တရား - ပင်လောင်း - သွားလမ်းမှာ ရှိတာဖြစ်တဲ့အတွက်ကြောင့် ကလော (သို့) အောင်ပန်း မှ သွားရင် မြင်းမထိရွာ - လမိုင်းရွာ - တောင်ပဲ့ရွာ - ဘော်နှင်းကုန်းရွာ - နန်းတိုင်းရွာ - ဟင်းခါးကုန်းရွာ - ဆောင်းဘွဲ့ရွာ အဆုံးနား (တီကျစ်အဝင်နားမှာ) ဘီလူးချောင်းတံတားကိုမဖြတ်ဘဲ တံတားထိပ် ဘယ်ဖက်ဘေးလမ်းခွဲလေးမှာ အေးချမ်းမြေ အပန်းဖြေဥယျာဉ်နှင့် အပျော်စီးလှေ ဆိုတဲ့ ဆိုင်းဘုတ်လေးရဲ့ ဘေးကနေ ဝင်သွားရင်ရောက်ပါပြီ🥰
မူရင်းလေးစားစွာphotocredit

image